အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကတော့အမျိုးမျိုးကွဲပြားကြပါလိမ့်မယ်။ တစ်ချို့ကလဲကိုယ်တွေ့ကြုံရတဲ့အခြေအနေပေါ်မှာမူတည်ပြီးအချစ်ကိုတရားသေမှတ်ယူလိုက်

ကြတာတွေရှိပါတယ်။တကယ်တန်းမှာတော့အချစ်ဆိုတာအသန့်ရှင်းဆုံးအရိုးရှင်းဆုံးနဲ့

အဖြူစင်ဆုံးမေတ္တာတရားပါပဲ။ပတ်ဝန်းကျင်အရောင်ဆိုးမှုတွေကြောင့်တစ်ချို့အချစ်တွေက

ညစ်နွမ်းခဲ့ရတာတွေလဲမနည်းပါဘူး။တစ်ယောက်နဲ့တစ်ယောက်လဲအချစ်အပေါ်ခံစားချက်၊

ခံယူချက်မတူကြပါဘူး။အချစ်ရေးမှာအဆင်ပြေဖို့ဆိုလိုက်နာရမယ့်နည်းလမ်းလေးတွေကို

ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘယ်အခြေအနေမှာပဲရောက်ရောက်သူ့လက်ကိုဆုပ်ကိုင်ထားပေးပါ

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ်အားငယ်ဝမ်းနည်းနေချိန်တွေမှာ ကိုယ်ချစ်ရတဲ့ကိုယ့်ချစ်သူရဲ့အားပေးမှု ဖေးမကူညီမှုတွေကိုလိုချင်ကြပါတယ်။ ဒီလိုအချိန်တွေမှာကိုယ့်ချစ်သူရဲ့လက်တစ်စုံကိုမြဲမြံ့စွာဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးပါ။

နူးညံ့တဲ့ချစ်ခြင်းတွေနဲ့ခပ်ဖွဖွနမ်းပြီးသူ့စိတ်ကိုဖြေသာနိုင်အောင်ကြင်နာမှုပေးပါ။ သူ့ဖက်ကအမြဲရပ်တည်မယ့်ကိုယ်အဖြစ်သူ့ကိုမြင်အောင်ဖော်ပြပေးပါ။ ဒီလိုသာဆိုကိုယ်ဟာသူ့အတွက်အဖိုးမဖြတ်နိုင်တဲ့ရတနာလေးအဖြစ်သူကသတ်မှတ်

ထားပြီးသူနဲ့ အတူရှေ့ဆက်ရမယ့်ဘဝခရီးတွေမှာလဲပျော်ရွှင်မှုတွေရယူပိုင်ဆိုင်နိုင်မှာ

အသေအချာပါပဲ။

၂။ ပြစ်တင်မစောမိပါစေနဲ့

ကိုယ့်ရဲ့လက်တွဲဖော်ဟာတစ်စုံတစ်ခုကြောင့်ပြဿနာတက်ခဲ့မယ်ဆိုရင်

သူ့ကိုအရင်ဆုံးအပြစ်မတင်မိပါစေနဲ့။ ဖြစ်ကြောင်းကုန်စင်ကို သေချာစွာမေးမြန်းပြီးကို ယ်ကလဲစေ့စပ်စွာတွေးပါ။ ပြီးမှသာကိုယ့်ချစ်သူကိုစိတ်ဖြေသာအောင်ပြောပါ။ သူမှားနေခဲ့သည့်တိုင်အောင်အပြစ်မပြောပဲနားဝင်အောင်ပြောဆိုဆုံးမပေးပါ။ ဒါဟာစိတ်ကိုနူးညံ့လာအောင်လုပ်တဲ့နည်းလမ်းတစ်ခုပါပဲ။ နှုတ်ချိုလျှိုတစ်ပါးဆိုသလိုပါပဲ နူးညံ့စွာပြောဆိုခြင်းဟာအရာရာကိုမဟုတ်တောင်ကိစ္စအတော်များများကို ပြေလည်စေနိုင်ပါတယ်။ ကိုယ့်ချစ်သူကိုနူးညံ့စွာပြောဆိုပြီး ကိုယ့်စကားကို နားဝင်အောင်နှုတ်ဖျားလေးနဲ့ချော့မြူပါ။

ဒီလိုဆက်ဆံလိုက်ခြင်းအားဖြင့်နောက်ပိုင်းမှာအလားတူ

ပြဿနာမျိုးထပ်မဖြစ် လောက်အောင်ကို ရှားပါးသွားပါလိမ့်မယ်။

အဓိကပြစ်တင်မစောမိဖို့ပါပဲ သူကအပြစ်လုပ်ခဲ့မိသည့်တိုင်အောင်ကိုယ်ကအပြစ်မဆိုပဲ နူးညံ့စွာဆိုဆုံးမပေးလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့လက်တွဲဖော်ဟာလည်းကို ယ့်အပေါ်လေးစားယုံကြည်အားကိုးမှုတွေနဲ့အတူ အချစ်တွေလဲပိုလာပါလိမ့်မယ်။


၃။ ချစ်စကားတီတီတာတာပြောဖို့သတိရပါ

လူတိုင်းနီးပါးအလုပ်ခွင်ဝင်ကြပါတယ်။ထိုနည်းတူအလုပ်တာဝန်ကိုယ်စီလဲရှိကြပါတယ်။ သို့ပေမယ့်အလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်နေဖို့ဆိုတာချည်းပဲလဲမသင့်လျှော်ပါဘူး အားလပ်ချိန်ဆိုတာလဲရှိရပါမယ်။  ကိုယ့်ချစ်သူနဲ့ကြည်ကြည်နူးနူးနေချင်တာ Relationship တိုင်းရဲ့မျှော်လင့်ချက်ပါပဲ။ ကိုယ့်ရဲ့လက်တွဲဖော်ဟာအလုပ်ကိုချည်း

ဦးစားပေးနေတဲ့သူဆိုရင်တော့ သာယာတဲ့ Relationship Life လေးကို မဖန်တီးနိုင်တော့ပါဘူး။ ဒီလိုအကြောင်းအရာတွေကိုအခြေခံပြီး သာယာမှုနောက်လိုက်ရင်း သစ္စာမဲ့တဲ့လုပ်ရပ်တွေဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့်အလုပ်တွေဘယ်လောက်ပဲများများ ကိုယ့်ချစ်သူကို တော့အချိန်တစ်ခု သပ်သပ်ပေးပြီးချစ်ခွန်းဖွဲ့စကားလေးတွေပြောပေးပါ။ ကိုယ့်ချစ်သူရဲ့ကြည်နူးတဲ့ အပြံုးလေးဟာကိုယ့်အတွက်လဲပျော်ရွှင်စေတဲ့ အားဆေးလေးတစ်ခွက်ပါပဲ။

၄။ သူ့မိဘဆွေမျိုးတွေကို ရိုသေရင်းနှီးစွာဆက်ဆံပေးပါ။

ကိုယ်ချစ်ရတဲ့သူနဲ့ပက်သက်တဲ့သူတွေဟာလဲကိုယ့်အချစ်နဲ့ဆက်နွယ်သက်ဆိုင်တဲ့သူတွေ ပါပဲ။ ကိုယ့်ချစ်သူကကိုယ့်ကိုသူ့မိဘနဲ့မိတ်ဆက်ပေးသည်ဖြစ်စေ တခြားဆွေမျိုးတွေနဲ့ မိတ်ဆက်ပေးသည်ဖြစ်စေ ကိုယ့်ထက်အသက်ကြီးပါကရိုသေစွာဆက်ဆံပြီး ကိုယ့်ထက်အသက်ငယ်ပါကရင်းနှီးစွာဆက်ဆံပေးပါ။

ဖူးစာမဆုံဖြစ်ခဲ့သည့်တိုင်အောင်တောင် ကိုယ်ဟာအဆင့်အတန်းရှိသောယဉ်ကျေးသော နှစ်လိုဖွယ်ကောင်းသောစတဲ့ ကိုယ့်ရဲ့အမူအကျင့်ကောင်းလေးတွေကို မြင်သာအောင်ပြသပေးပါ။ ကိုယ့်ရဲ့ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ပုံစံ စရိုက်ကောင်းလေးတွေကြောင့် ကိုယ့်လက်တွဲဖော်ဟာလဲ သူ့အသိုင်းအဝိုင်းမှာ မျက်နှာပွင့်လန်းရပါလိမ့်မယ်။ အချစ်ရေးမှာအဆင်ပြေဖို့ဆိုရင် အများကြီးစည်းတွေဘောင်တွေမလိုအပ်ပါဘူး။ အထက်ကပြောခဲ့တဲ့အချက်ကလေးတွေကိုပဲ

သေချာလိုက်နာနိုင်ရင်သာယာတဲ့ အချစ်ရေးလေးကိုဖန်တီးနိုင်မှာအသေအချာပါပဲ။ ကိုယ့်ချစ်သူကိုအပြည့်အဝနားလည်ပေးပြီး သူ့ရဲ့ကောင်းကွက်၊ဆိုးကွက်လေးတွေအားလုံးကို နားလည်လက်ခံပေးပြီးကိုယ်ကဖေးမပြုပြင်ပေးမယ်ဆိုရင် တကယ့်ကို ပျော်စရာကောင်းတဲ့ Relationship လေးတစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပြီး နားလည်မှု၊ သံယောဇဉ်၊အချစ်တွေနဲ့ ခို်င်ခိုင်မာမာချည်နှောင်ထားတာဖြစ်လို့ သိကြားမင်းဆင်းဖြတ်တောင်မဝေးကွာနိုင်တော့ပါဘူး လို့ပြောလိုက်ပါရစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။