ဂျက်ကီချန်းရဲ့ သမီးဖြစ်သူ Etta Ng က သူမ ဟာ လိင်တူချင်း ကိုသာ နှစ်သက်တဲ့ ယောကျ်မဖြစ်ကြောင်း သူမရဲ့ အင်စတာဂရမ် မှာ ဖွင့်ချလိုက်တာဖြစ်ပါတယ်။အသက် ၁၇ နှစ်သာရှိသေးတဲ့ Etta Ng ဟာ အင်စတာဂရမ် မှာ သူမရဲ့ပုံကိုလိင်တူ ချင်း ချစ်ကြိုက်သူ အဖြစ် တက်ခ်တွဲထားခဲ့ပါတယ်

ယခုကဲ့သို့ဓာတ်ပုံတင်ထားခြင်းအပေါ်မှာ သူမကို ထောက်ခံမှုတွေရေးသားထားကြပေမယ့် ကွန်မန့်တ စ်ခုမှာတော့ ဒီ လုပ်ရ ဟာ ဖခင်ဖြစ်သူ ကို အရှက်ရစေတယ်လို့ ရေးသားထားတွေ့ရပါတယ်။လတ်တလောမှာတော့ Etta Ng ဟာဟာင်ကောင် မှာရှိတဲ့ အခန်းတစ်ခုမှာ သူမရဲ့ ချစ်သူ ကောင်မလေး ဖြစ်တဲ့ အသက် ၃၀ အရွယ် Andi Autumn နဲ့ အတူတူနေထိုင်လျှက်ရှိနေတယ်လို့သိရပါတယ်။

ဖခင် ဂျက်ကီချန်း နဲ့ မိခင်ဖြစ်သူ ဟောင်ကောင် အလှမယ် Elaine Ng တို့ဟာ Etta Ng ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ ကြီးပြင်းခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ မိခင် နဲ့အတူဟောင်ကောင်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ လုံးဝအဆက်အဆံမရှိသူဖြစ်ပြီး ဂျက်ကီချန်းဟာ သူမအတွက်တော့ သူစိမ်း တစ်ယောက်ပဲလို့ ပြောဆိုခဲ့ဖူးကြောင်းလည်းသိရပါတယ်။

သတင်းအရင်းအမြစ်-popolay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။