ကင်ဂျံုအန်းဟာ သူ့ရဲ့ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ညီမဖြစ်သူကို တိုင်းပြည်ရဲ့ အဆင့်မြင့်ရာထူး ပိုင်းမှာ တာဝန်ပေးလိုက်ခြင်းဟာ သူ့ရဲ့ သြဇာအာဏာ နဲ့ ရာထူး ကို ထိန်းသိမ်း ဖို့ လုပ်ဆောင်လိုက်ခြင်းဖြစ်တယ် လို့ ကျွမ်းကျင်သူတွေ နဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ကင်ဂျံုအန်း ရဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ ကိုရီးယားအာဏာရအလုပ်သမားပါတီ အတွင်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် အဖြစ် အမည်တင်သွင်းခြင်းခံခဲ့ရကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာက တနင်္ဂနွေနေ့ကပြောကြားခဲ့ပါတယ်။

သူမဟာ မြောက်ကိုရီးယား နိုင်ငံမှာ အဆင့်မြင့်ရာထူးရရှိဖူးတဲ့ ဒုတိယ အမျိုးသမီးလည်း ဖြစ်ပါတယ်။ ပထမ အမျိုးသမီးကတော့ ကင်ဂျံုအီး လက်ထက် က အဆင့်မြင့် ရာထူး ရယူခဲ့တဲ့ သူ့ရဲ့ ညီမ Kim Kyong Hui ဖြစ်ပါတယ်။ ကင်ဂျံုအန်း နဲ့ ဆွေမျိုးတော်စပ်သူ အဖေတူ အမေကွဲ အစ်ကို ကင်ဂျံုနန် ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မလေးရှား လေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခြင်းခံခဲ့ရပါတယ်။

ကင်ဂျံုအန်း ရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျံုနန် က မိသားစုဆွေစဉ်မျိုးဆက် အုပ်ချုပ်တဲ့ပုံစံကို ဝေဖန်ခဲ့သူဖြစ်ပြီး မကာအိုမှာ တကျွန်းပို့ခံထားရသူလည်းဖြစ်ပါတယ်။ ကင်ဂျံုအန်းဟာ သူ့ရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျံုနန် ကိုလုပ်ကြံဖို့အမိန့်ပေးခဲ့တယ်လို့ တောင်ကိုရီးယား လေ့လာသူတွေက ဆိုပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။