လူငယ်မိန်းကလေးတွေကြား နာမည်ကြီး ရေပန်းစားတဲ့ အမျိုးသမီးငယ်တွေထဲမှာ ဟန်နာယူရီ တစ်ယောက်လည်း ပါဝင်လို့နေပါတယ်။ ပြဿနာတွေကြုံတွေနေရပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုကိုခံနေရချိန်မှာပဲ ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရတဲ့ သူမဟာ ဘဝကို အရှုံးမပေးဘဲ ဆက်လက်ရပ်တည်လို့ နေပါတယ်။ 

သူမ ဝါသနာပါတဲ့ မိတ်ကပ်ပညာကို သင်ယူလေ့လာပြီး လက်ရှိမှာတော့ make-up သင်တန်းလေးတွေ ဖွင့်ထားတာတွေ့ရပါတယ်။ မြို့ကြီးတော်တော်များများမှာ ရက်ပိုင်းမိတ်ကပ်သင်တန်းလေးတွေ သွားရောက်ဖွင့်လှစ် သင်ကြားပေးနေတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ယက်ပေါ်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့ အလှဓာတ်ပုံလေးတွေ ရေပန်းစားလို့နေပါတယ်။ 

ထိုဓာတ်ပုံတွေကိုတော့ ထိုင်းနိုင်ငံရဲ့ နာမည်ရဓာတ်ပုံဆရာတစ်ဦးစီမှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဟန်နာယူရီကတော့ ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းကို သူမရဲ့ လူမှုစာမျက်နှာကတဆင့် ယခုလို ပြောပြထားတာတွေ့ရပါတယ်။

"Thank you all xo much

Photographer- Chaicharn Ratavanich

Makeup - Pompam Papang

Paninee Punnium our soul sisters

Deeply from my heart ❤️" ဆိုပြီး ကျေးဇူးတင်စကား ပြောဆိုထားပါတယ် ပရိသတ်ကြီးရေ......

Source: Hanna Yuri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။