ချေဂွေဗားရား သေဆုံးမှု နှစ်ငါးဆယ်ပြည့် ဂုဏ်ပြုပွဲ ကို သူ့ကို ကြည်ညိုသူများက ကျူးဘားနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ချေဂွေဗားရားကို ကြည်ညိုသူ ကျူးဘားနိုင်ငံသားများက ချေဂွေဗားရား ပုံပါရှိတဲ့ ပိုစတာများ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပါတယ်။ ချေဂွေဗားရား ဟာ ကမ္ဘာတစ်လွှမ်း အင်မတန်ကျော်ကြားတဲ့ ပြောက်ကျားစစ်သည်တစ်ယောက်ဖြစ်ပြီး ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ်ကတ်စထရို ရဲ့ တော်လှန်ရေး ပြောက်ကျားစစ်ပွဲများမှာ ကူညီခဲ့ပါတယ်။ အာဏာရှင် ဘက်တစ်စတာ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီး ဘက်တစ်စတာ ကို တိုင်းပြည်မှ နှင်ထုတ်နိုင်ခဲ့ပါတယ်။

အာဏာရှင် ဘက်တစ်စတာ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီး နောက် ချေဂွေဗားရား ဟာ La Cabana မှာရှိတဲ့ ဟာဗားနား ခံစစ်စခန်းကို အုပ်ချုပ်ခဲ့ပါတယ်။ ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ်ကတ်စထရို က ချေဂွေဗားရား ကို ကျူးဘားဗဟိုဘဏ် ဥက္ကဌ အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ စက်မှုဝန်ကြီးဌာနမှာ တာဝန်ပေးခဲ့ပါတယ်။ ချေဂွေဗားရားဟာ နာရီပေါင်းများစွာ အလုပ်လုပ်မှုကြောင့် လူထု အကြား ကျော်ကြားလှ ပါတယ်။ 

ချေဂွေဗားရားဟာ တခြားနိုင်ငံတွေမှာ ပါ ဆိုရှယ်လစ်စနစ်ပြန့်ပွားအောင် အားထုတ်လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ၁၉၆၄ ခုနှစ်မှာ ကွန်ဂိုနိုင်ငံမှာ ရှိတဲ့ သူပုန်တွေကိုကူညီရန် ကျူးဘားနိုင်ငံမှ ထွက်သွားခဲ့ပါတယ်။ ဒီမစ်ရှင်ဟာ မအောင်မြင်ခဲ့ဘဲ တစ်နှစ်အကြာမှာ ချေဂွေဗားရားဟာ ကျူးဘားကို ပြန်ခဲ့ရပါတယ်။ ကျူးဘားနိုင်ငံကို ပြန်ရောက်ပြီးနောက် ချေဂွေဗားရားဟာ နောက်ထပ်တော်လှန်ရေးတစ်ခုကို တိတ်တဆိတ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ချိန်မှာတော့့ ဘိုလစ်ဗီးယားနိုင်ငံမှာပါ။ သို့သော် ကျူးဘားမှာလောက် ထောက်ခံမှုလုံလုံလောက်လောက် မရရှိခဲ့ဘဲ ဘိုလစ်ဗီးယားစစ်တပ်ရဲဲ့ ဖြိုခွင်းခြင်းကို ခံခဲ့ရပြီး ချေဂွေဗားရား လည်း အသတ်ခံခဲ့ရပါတယ်။ ကျူးဘားနိုင်ငံ နဲ့ ကမ္ဘာတစ်လွှားမှာ သူ့ကို အမှတ်ရတဲ့ အနေနဲ့ သူ့ပုံပါရှိတဲ့ ၀တ်စုံတွေ၊ သော့ချိတ်တွေ အမှတ်တရရောင်းချလျက်ရှိပါတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။