အရူးအမူးချစ်ခဲ့ရပြီး လမ်းခွဲပီးနောက်မှာလဲ ပရိသတ်တွေအသိ နာကျင်စွာခံစားခဲ့ရတဲ့ မိုင်လေဆိုင်းရပ်စ်ကတော့ Liamနဲ့ ပြန်လည်တွဲပီးနောက် Liamပေးတဲ့ စေ့စပ်လက်စွပ်ကို မကြိုက်ဘူးလို့ တရားဝင်ပြောကြားခဲ့ရုံသာမက အခုတစ်ခါမှာ လက်ထပ်နိုင်မှာမဟုတ်ဘူးလို့ ထပ်မံပြောကြားခဲ့ပါတယ်။

Wrecking Ball သီချင်းပိုင်ရှင်ဖြစ်တဲ့ မိုင်လေက သူမဟာ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်လာနိုင်ခြေမရှိတဲ့အတွက် လက်ထပ်နိုင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ အသက်၂၆နှစ်အရွယ် Liamပေးတဲ့ လက်စွပ်ကို သဘောမကျတဲ့အကြောင်းလဲ အသက်၂၃နှစ်အရွယ်ရှိ အဆိုတော်မလေးက ပြောကြားခဲ့ပါတယ်။

" သူက မင်းဘာဖြစ်နေတာလဲလို့မေးတယ်။ ကျွန်မက လက်စွပ်က ကျွန်မသဘောကျတဲ့ပုံစံတော့မဟုတ်ဘူး။ အရမ်းတောက်ပနေတယ်။ ဒါပေမယ့် ရှင်ကျွန်မကို ချစ်တဲ့သက်သေအနေနဲ့ပေးလို့ ဝတ်ပါတယ်။ "လို့ အင်တာဗျူးတစ်ခုမှာ Liamနဲ့ပြောခဲ့တာကို ပြန်လည်ပြောကြားခဲ့ပါတယ်။

မိုင်လေနဲ့လီယန်ဟာ ၂၀၀၉ခုနှစ်တုန်းက The Last Songဆိုတဲ့ရုပ်ရှင်မှာ အတူသရုပ်ဆောင်ရင်း တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ စေ့စပ်ခဲ့ပါတယ်။ ဒါပေမယ့် များစွာသောအကြောင်းအရာတွေကြောင့် သူတို့လမ်းခွဲခဲ့ရပြီး မိုင်လေ့မှာ သိသိသာသာခံစားခဲ့ပြီး သူမကိုမြင်နေကျပုံစံတွေကနေ ခွဲထွက်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ပြန်လည်တွဲခဲ့ပြီးနောက် ဒီအဖြစ်အပျက်ကြောင့် သူတို့နှစ်ယောက်ကြား ကတောက်ကဆ ထပ်မံဖြစ်ပွားနိုင်တယ်လို့ လီယန်ရဲ့ အစ်ကိုဖြစ်သူကနေ ပြောကြားခဲ့ပါတယ်။

Source : mirror.uk

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။