ယနေ့ခေတ်မှာ Double Chin ဆိုတာ ကျားမ မရွေး လူတိုင်းလိုလို ရှိတဲ့ အရာလို့တောင်ပြောလို့ရပါတယ်။ ခန္ဓာကိုယ် အရွယ်အစား ဘယ်လောက်ပဲ ဖြစ်ဖြစ် ပိန်ပိန် ဝဝ မေးနှစ်ထပ်က အလွယ်တကူ ဖြစ်နိုင်ပါတယ်။ တခါတလေ ကျရင် လှပတဲ့ မျက်နှာလေးက မေးနှစ်ထပ်ကြောင့် စိတ်ရှုပ်နေရတဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုကိုတို့ ပျိုမေတို့ အတွက် စိတ်ရှုပ်နေတဲ့ မေးနှစ်ထပ်ကို ပြုတ်အောင်ပြုလုပ်လို့ရတဲ့ exercise လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁)The Kiss (အနမ်းတစ်ပွင့်)

- မတ်တပ်ရပ်နေတုန်း အပေါ်က ခေါင်မိုးကို ကြည့်ပြီး ခေါင်းကို အနောက်ကို စောင်း လိုက်ပါ။

- နှုတ်ခမ်းကို စူ ပြီး ခေါင်မိုးကို နမ်းတဲ့ပုံစံမျိုးလုပ်လိုက်ပါ။

- နှုတ်ခမ်းစူခြင်းကို ၅စက္ကန့် ကြာတဲ့ အထိ စူထားပါ။

- ၅စက္ကန့်ပြည့်သွားရင် နှုတ်ခမ်းရော ခေါင်း အနေအထားရော နဂိုပုံစံအတိုင်း ပြန်နေပါ။

- ၎င်းလေ့ကျင့်ခန်းကို ၁၅ ကြိမ်တိတိပြုလုပ်ပါ။

၂)Stick It Out (လျှာထုတ်ပါ)

- မျက်နှားကို အရှေ့တည့်တည့် ထားပြီး ပါးစပ်ကို ကျယ်ကျယ်ဟထားပါ။

- လျှာထုတ်ခြင်းကို ၅စက္ကန့်ကြာအောင် တဖြည်းဖြည်း ပြုလုပ်ပါ။ အရှည်ဆုံး ထုတ်နိုင်တဲ့ အထိထုတ်ပါ။

- လျှာကို ပြည်ထည့်တဲ့ အခါမှာလည်း ၅စက္ကန့်ကြာအောင် တဖြည်းဖြည်း ပြုလုပ်ပါ။

- ၎င်းလေ့ကျင့်ခန်းကို ၁ဝကြိမ်ပြုလုပ်ပါ။

၃)Jaw Jut (မေးရိုး ရှေ့သို့ ထွက်)

- ခေါင်းကို အနောက်သို့စောင်းပြီး ခေါင်မိုးပေါ်ကြည့်ပါ။

- မေးရိုးကို အရှေ့သို့ ထွက်အောင် ပြုလုပ်ပြီး မေ့စေ့အောက်မှာ တင်းနေတယ်ဆိုတဲ့ အရာကို ခံစားမိအောင်ပြုလုပ်ပါ။

- ထိုသို့ တင်းနေခြင်း ကို ၁ဝစက္ကန့်ကြာအောင် ပြုလုပ်ပါ။

- ထို့နောက် သက်သောင့်သက်သာဖြစ်အောင်မေးရိုးကိုပြုလုပ်ပြီး ခေါင်းကို မူလပုံစံ အတိုင်းထားပါ။

- ထိုလေ့ကျင့်ခန်းကို ၁၀ ကြိမ်ပြည့်အောင်ပြုလုပ်ပါ။

၄)Neck Roll (လည်ပင်းလှည့်)

- မတ်တပ်ရပ်ပြီး ခြေထောက်ကို လှမ်းကြည့် သလိုမျိုး မေးစေ့ကို ရင်ဘတ်သို့ကပ်လိုက်ပါ။

- ထိုအနေအထား အတိုင်း တဖြည်းဖြည်း ညာ ဘက်သို့ စောင်းလိုက်ပါ။

- ထိုသို့ စောင်းနေတဲ့ အနေ အထားမှာ ၅စက္ကန့်လောက်နေပါ။

- ပြီးနောက် အပေါ်မှ အဆင့်အတိုင်း တဖြည်းဖြည်း မေးစေ့ကို ပြန်ကပ်ပါ။

- ထို့နောက် ဘယ်ဘက်ကိုစောင်းပြီး ၅စက္ကန့်ကြာအောင်နေပါ။

- စက္ကန့် ၃၀ ပြည့်အောင်ဒီ exercise ကို ထပ်ခါထပ်ခါပြုလုပ်ပေးပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။