လူတစုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားမှုအောက်တိုဘာ(၆)ရက်ညပိုင်းအချိန်ကျုံးဘေးပလက်ဖောင်းတွင် အမျိုးသားသုံးဦးအရက် သေစာသောက်စားစဉ် ဖြစ်ပွားခဲ့ခြင်းအပေါ်ယခုလို စည်းကမ်းတင်းကျပ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကျုံးပတ်ဝန်းကျင်တွင် ညအချိန် သောက်စားမူးယစ်သူများအား ဖမ်းဆီးအရေးယူရာ ၂ ရက်အတွင်း လူ (၁၁၀) ဦး အမှုဖွင့်အရေးယူခံရတယ်လို့သိရပါတယ်။

“ကျုံးပတ်ဝန်းကျင်ဟာ အများပြည်သူသွားလာအပန်းဖြေတဲ့နေရာသလို မန္တလေးရဲ့ပုံရိပ်လည်းဖြစ် တယ်။ ဒီလိုနေရာမျိုးမှာ အုပ်စုဖွဲ့သောက်စားနေတာဟာ အများပြည်သူကိုအနှောင့်အယှက်ဖြစ်တဲ့ အတွက် ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခြင်းဖြစ်ပါတယ်။ ယခုလိုဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ်ပြု လုပ်သွားမှာပါ။ မန္တလေးကျုံးဘေးတင်မဟုတ်ဘူး။ တံခွန်တိုင်အဝိုင်းပတ်နဲ့ လူအများသွားလာတတ်တဲ့ နေရာတွေကိုပါ လုပ်ဆောင်သွားမယ်။”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မျိုးအောင် က ပြောပါတယ်။

အောက်တိုဘာ(၆)ရက်ည(၁၁)နာရီခွဲအချိန်ခန့်က ၆၆လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား၊ ကျုံးဘေး ပလက်ဖောင်းပေါ်တွင် ကိုထွန်းထွန်းဦး အသက်(၂၇)နှစ်၊ ကိုအောင်နိုင်လင်း အသက်(၂၁)နှစ်နှင့် ဦးဟန်သန်း အသက်(၅၂)နှစ်တို့မှာ အရက်ထိုင်သောက်၍စကားပြောနေစဉ်အား အမည်မသိလူတစ်စု မှဝိုင်းဝန်းရိုက်နှိပ်မှုဖြစ်ပွားခဲ့ရာ ကိုအောင်နိုင်လင်းမှာရရှိသောဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သော ကြောင့် ယခုလိုဖမ်းဆီးအရေးယူမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ်-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။