မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အစ္စရေးအသင်းကို စပိန်အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့တာလည်းဖြစ်ပညတယ်။စပိန်အသင်းဟာ နောက်တဆင့် ကိုတတ်ရောက်ခဲ့ပြီးသားဖြစ်တာကြောင့် အမှတ်မလိုတဲ့ ဒီပွဲမှာ သက်သောင့်သက်သာ ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။အစ္စရေးအသင်းကတော့ အဆင့် ၄ နေရာနဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

အစ္စရေးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အက်တာ၊ ဟာမက်၊ မက်လီဆန်၊ မာဝမ်၊ ကိုဟန်၊ နက်ချို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပိန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပတ်ဒရို၊ အဒူရစ်၊ ဗီအဲရာ၊ အဆန်စီယို၊ ဘတ်စကွက်၊ အီလာရာမန်ဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အမှတ်မလိုတဲ့ နှစ်သင်းတွေ့ဆုံနေတာဖြစ်တာကြောင့် စပိန်အသင်းကပဲ ပွဲကို ထိန်းချူပ်ကစားခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။စပိန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၇၆ မိနစ်မှာ မှ ရရှိခဲ့ပြီး ဒီဂိုးကိုတော့ အီလာရာမန်ဒီ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဆု Man of The match ကိုလည်း အီလာရာမန်ဒီ ကပဲ ရရှိသွားခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။