အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ရခိုင်အရေးပြသာနာများကို နိုင်ငံတကာက စိတ်ဝင်စားမှုများနှင့် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နိုင်ငံထဲကနေ ရိုဟင်ဂျာမွတ်စလင် ၅၀ဝ,ဝဝဝ ကျော် ထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့ စစ်ဆင်ရေး တစ်ခုကြောင့် မြန်မာ စစ်ဘက် ခေါင်းဆောင်တွေအပေါ် အတိအကျဦးတည်ချက်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေချမှတ်ဖို့ ဥရောပသမဂ္ဂ (EU)နဲ့ အမေရိကန် ပြည်ထောင်စုတို့က စဉ်းစားနေတဲ့ အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

တပ်မတော် အကြီးအကဲ များအပြင် ရိုဟင်ဂျာ ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရခိုင်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေကိုပါ ဒဏ်ခတ်အရေးယူဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့ထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ ဝါရှင်တန်အခြေစိုက် အမေရိကန် တာဝန်ရှိသူနှစ်ဦးက ပြောတယ်ဆိုပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဘင်္ဂါလီတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေး ကြောင့် မဟုတ်ဘူးဆိုတာမြင်သာပါတယ်။ အဓိက တရားခံက ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့ဖြစ်ပါတယ်။ EU နဲ့ အမေရိကန်တို့က ARSA ကို အပြစ်မပြောတာဟာ အကြမ်းဖက် လုပ်ရပ် တွေကို အားပေးအားမြှောက်ပြုတာနဲ့ အတူတူပါပဲလို့လဲ ဝေဖန်မှုတွေရှိနေပါတယ်။ 

သတင်းအရင်းအမြစ်-ရိုက်တာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။