မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အိမ်ရှင် ယူကရိန်းအသင်းကို ခရိုအေရှားအသင်းက ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ယူပြီး နောက်တဆင့် ကို တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ခရိုအေရှားအသင်းဟာ ရမှတ် ၂၀ နဲ့ အဆင့် ၂ နေရာမှာရပ်တည် ခဲ့တာဖြစ်ပြီး ယူကရိန်းအသင်းကတော့ ရမှတ် ၁၇ မှတ် နဲ့ အဆင့် ၃ နေရာနဲ့ သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။မိုဒရစ်၊ မန်ဇူကစ်၊ ရာကီတစ်၊ ပါရီဆစ် တို့ရဲ့တိုက်စစ်အတွဲကို နောက်တဆင့်မှာ ထပ်မံကြည့်ရှုခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါမက်၊ ရာမိုလန်ကို၊ ကိုနိုရန်ကာ၊ မာလော့၊ ရိုတန်၊ စတင်ပန်နန်ကို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ခရိုအေရှားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မန်ဇူကစ်၊ ပီရီဆစ်၊ မိုဒရစ်၊ ကာမာရစ်၊ ရာကီတစ်၊ မီလန်ဘာဒက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်တက်ရောက်ဖို့ အရေးပါနေဆဲ ဒီနှစ်သင်းတွေ့ဆုံမှုဟာ အမှားမခံပဲ အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်။

ခြေရည်တူနှစ်သင်းယှဉ်ပြိုင်တဲ့ပွဲဖြစ်တာနဲ့ အညီ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ပထမပိုင်းမှာတော့ နှစ်သင်းလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ခရိုအေးရှားအသင်းအဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကာရာမာရစ် ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၀ မှာတော့ ခရိုအေးရှားအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကို ကာရာမာရစ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။