မြန်မာနိုင်ငံသားတွေကြားထဲမှာ နိုင်ငံခြားထွက်လုပ်တာက ရေပန်းစားပါတယ်။ လုပ်အားခစုမိနိုင်တာကြောင့်လည်း နိုင်ငံခြားထွက်လုပ်ကြတာလည်းပါပါတယ်။ မြန်မာနိုင်ငံသားတွေအနေနှင့် ပြည်ပသို့ရောက်တဲ့အခါမှ အနိုမ်ခံ အစွပ်စွဲခံခဲ့ရတဲ့ ဖြစ်ရပ်များက မကြာခဏဆိုသလို ကြားသိနေရပါတယ်။ ယခုလည်း စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်ဖော် တိုက်ပေါ်ကခုန်ချခဲ့တာပါ။ 

ဖြစ်စဉ်မှာ စင်ကာပူနိုင်ငံတွင် အိမ်အကူ လုပ်ကိုင်နေသော အသက် (၁၈) နှစ် အရွယ် မြန်မာအမျိုးသမီးတစ်ဦး ၁၈ ထပ်အမြင့်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခု ပေါ်မှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သည်။ မြန်မာအမျိုးသမီး မဝိုင်းဝိုင်းလည်သည် စင်ကာပူနိုင်ငံ 1-Leicester Road ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် အိမ်အကူအလုပ် လုပ်ကိုင်နေပြီး အောက်တိုဘာ ၈ ရက် နေ့လယ်က ခုန်ချ သေဆုံးသွားခြင်းဖြစ်ကြောင်းစင်ကာပူအခြေစိုက် ရွှေ့ပြောင်းနေ ထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး အဖွဲ့ (HOME) သို့ မြန်မာ အိမ်အကူ အမျိုးသမီးများနှင့် ပတ်သက်၍ ကူညီပေးနေသော အမည်မဖော် လိုသူတစ်ဦးက ပြောသည်။ “စင်ကာပူ ရဲတပ်ဖွဲ့ရဲ့ အ ကြောင်းကြားချက်အရ ဆိုရင် တော့ တိုက်ပေါ်က ပြုတ်ကျတဲ့အ ချိန်မှာ ဘေးနားက မျက်မြင်သက် သေ တစ်ယောက်မှ မရှိဘူးပေါ့ နော်။ ခုန်ချသေဆုံးတာလား၊ တိုက် ပေါ်က ပြုတ်ကျတာလားဆိုတာ ရဲကစစ်ဆေးနေဆဲပဲ ရှိသေးတယ် ပေါ့။ ၁၈ ထပ်ပေါ်က ပြုတ်ကျ တယ်။ အဲဒီအချိန်မှာ အိမ်ရှင်တွေ လည်း တစ်ယောက်မှ မရှိဘူးပေါ့။ မျက်မြင်မရှိဘဲ ဖြစ်သွားတယ်”ဟုစင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ ပထမအတွင်းဝန် ဒေါ်ဆန်းစန္ဒာ ဝင်းက အဆိုပါအိမ်အကူသေဆုံး မှုနှင့် ပတ်သက်၍ ပြောသည်။ 

သေဆုံးသည့် အကြောင်း ရင်းကို စင်ကာပူရဲတပ်ဖွဲ့က စစ် ဆေးနေပြီး မြန်မာသံရုံးကလည်း ကူညီပူးပေါင်း ဆောင်ရွက်ပေးနေ ကြောင်း ၎င်းကဆက်ပြောသည်။ ခုန်ချသေဆုံးသည့် မဝိုင်းဝိုင်းလည်သည် အိမ်ရှင်များ နေ့လယ်စာ စားသောက်ရန် အပြင်သို့ သွားရောက်ချိန်တွင် ခုန်ချ သေဆုံးခြင်း ဖြစ်သည်ဟု သိရကြောင်း HOME ကို ကူညီပေးနေသော အထက်ပါအမည်မဖော်လိုသူက ပြောသည်။ “သေဆုံးသူ ကောင်မလေး ရဲ့ အစ်မအရင်းရော၊ တစ်ဝမ်းကွဲ အစ်မရော ဒီမှာရှိနေတယ်။ နောက်ပြီး ကောင်မလေးက ဒီရောက်လာတာ တစ်လလောက်ပဲ ရှိသေးတယ်။ အိမ်ရှင်က သူ့ကိုဆိုပြောတာတွေရှိတယ်ကြားတယ်။ သူရောက်ပြီး တစ်ပတ်အတွင်းမှာ တစ်ခါ ထွက်ပြေးလာဖူးတယ်။ အေးဂျင့်နဲ့ ပူးပေါင်းပြီး ပြန်ပို့တာလက်ခံတယ်။ နောက်နှစ်လ လောက်နေရင် ပြောင်းလို့ ပြော ထားတာ ဒီကြားထဲမှာ ဖြစ်သွား တာ” ဟု ၎င်းကပြောသည်။မဝိုင်းဝိုင်းလည်၏ အသက် သည် (၁၈) နှစ်ခန့်ဖြစ်သော်လည်း ပတ်စပို့တွင် (၂၃) နှစ်ဟု ရေးထား ကြောင်း ၎င်းကဆက်လက် ပြောသည်။ ၎င်းသည် ရမည်းသင်းမြို့နယ် ဇာတိဖြစ်သည်။ သြဂုတ် အတွင်းပိုင်းကလည်း စင်ကာပူနိုင်ငံတွင် အသက်မပြည့်ဘဲ အိမ်ဖော်လုပ်ကိုင်နေသော မြန်မာအိမ်အကူလုပ်သား ၂၈ ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း HOME အဖွဲ့ဝင် ဒေါ်ခင်လေးက ပြောကြားသည်။ ထို့အပြင် အောက်တိုဘာ ၈ ရက်ကလည်း HOME ရုံးသို့ မြန်မာ အိမ်အကူလုပ်သား သုံးဦးထွက် ပြေးလာခဲ့ကြောင်း ၎င်းက ပြော သည်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။