ပြည်သူ့ အချစ်တော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးဟာ ဆရာတော် အရှင်ဆန္ဒဓိကထံ ကိုယ်တိုင်သွားရောက်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ဇာတ်လမ်းရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ ဆရာတော်အရှင်ဆန္ဒဓိကထံမှာ ကိုယ်တိုင်သွားရောက် ခွင့်တောင်းခဲ့ပါတယ်။ ဆရာတော် အရှင်ဆန္ဒဓိကရဲ့ “အသေလှတဲ့သူ” စာအုပ်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးမှာ ဖြစ်တဲ့အတွက် ဆရာတော်နဲ့ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအမည်ကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချီမှာ ဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်များအနေနဲ့ နေတိုး၊ ကျောကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့က အဓိကပါဝင်သရုပ်ဆောင်ပြီး အခြားသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် နေတိုးက ဆရာတော်ထံ ကိုယ်တိုင်သွားရောက်ခွင့်တောင်းခဲ့ပြီး ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ဖြင့် စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ရိုက်ကူးရေးကိုတော့ နိုဝင်လာ(၁)ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဟာ “ကျွန်မနှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားပြီးတဲ့နောက်ပိုင်း နေတိုးနဲ့ ဖွေးဖွေးတို့ နှစ်ယောက်အတူ ပြန်လည်သရုပ်ဆောင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။