ကြားရတဲ့သူအဖို့တော့ ရယ်စရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် Exeter တက္ကသိုလ်​က သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ အီးပေါက်တာကို ရှူခြင်းက သင့်ကို အထူးသဖြင့် ကင်ဆာရောဂါကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ဗိုက်ထဲကအစာတွေကို ဗက်တီးရီးယားတွေကနေ ချေဖျက်တဲ့အခါမှာ ထွက်လာတဲ့ ဟိုက်ဒြိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ဟာ ကြက်ဥပုပ်နံ့ရှိပြီး နောင်အနာဂတ်မှာ ကျန်းမာရေးအတွက် အင်မတန်ထိရောက်တဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်လာနိုင်တယ်လို့ ဒေါက်တာ Mark Woodကနေ တက္ကသိုလ်လေ့လာမှုတစ်ရပ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အီးပေါက်တာဟာ နံတယ်ဆိုပေမယ့် ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ အဆိုပါဂက်စ်ဟာ ကင်ဆာဖြစ်နိုင်ချေအပြင် နှလုံးရောဂါနဲ့ အခြားသောရောဂါအမည်ပေါင်းများစွာကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

အဆိုပါသိပ္ပံပညာရှင်တွေဟာ AP39ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးကိုတီထွင်ခဲ့ပြီး Mitochondriaထဲကို ဒီဓာတ်ငွေ့တွေ ဖြည်းဖြည်းချင်း သွင်းလိုက်တဲ့အခါ တိုက်ခိုက်ခံရတဲ့ ဆဲလ်တွေကို ကာကွယ်ပေးသလိုဖြစ်ပြီး ဆက်လက်ရှင်သန်နေတာကိုတွေ့ရပါတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် နောက်တစ်ခါ ကိုယ့်နားမှာ လူတစ်ယောက်အီးလာပေါက်ရင် စိတ်မဆိုးဘဲနဲ့ ကျန်းမာရေးအတွက်လို့ သဘောထားပြီး ကျေးဇူးတင်ပေးလိုက်ပါ။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။