သခွားသီးကို တို့စားရုံ အပြင် မျက်နှာ အသားအရေအတွက် ပေါင်းတင်ပစ္စည်းတစ်ခု အနေနဲ့လည်း အသုံးပြုတတ်ကြပါတယ်။ အခုတလောမှာ ခေတ်စားနေတဲ့ သစ်သီးတွေကို ရေစိမ် သောက်တဲ့ Detox Water ကို ၀ိတ်ချဖို့အတွက် သောက်သုံးလေ့ ရှိကြပါတယ်။ ဒ့ါကြောင့် အခု ဖော်ပြချင်တဲ့ အကြောင်းအရာလေးကတော့ သခွားသီး ရေစိမ်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။ သခွားသီး ရေစိမ် ပြုလုပ်ပုံကလည်း အရမ်းကို လွယ်ကူ ရိုးရှင်းလှပါတယ်။ ကိုယ် အသုံးပြုမဲ့ (သောက်ချင်တဲ့ ရေ) ပမာဏ အပေါ်မူတည်ပြီး သခွားသီး အလုံး အရေအတွက်ကို ရွေးချယ်ပေးရမှာပြဲ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ လတ်ဆတ်ပြီး စိမ်းနေတဲ့ သခွားသီးကို ပဲအသုံးပြုသင့်ပါတယ်။

ပြုလုပ်ပုံနည်းလမ်း

အရင်ဆုံးသခွားသီးကို ရေစင်အောင်ဆေးပြီး အကွင်းလိုက် ပါးပါးလှီးပါ။ ထို့နောက် ရေထည့်ထားတဲ့ ရေဗူး၊ ရေပုလင်း ထဲကို ထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ထည့်ထားပြီး အအေးခံထားလိုက်ပါ။ အဲ့ဒီနောက်မှာတော့ သခွားသီးရေစိမ်ကို သောက်လို့ရပြီ ဖြစ်ပါတယ်။

သခွားသီး စိမ်ထားတဲ့ရေကို သောက်ပေးခြင်းဖြင့် ရရှိလာနိုင်မယ့် ကျန််းမာရေး အကျိုးကျေးဇူးများကတော့

(၁) ခန္ဓာကိုယ်က ရေဓါတ်များ ကောင်းမွန်စွာ ရရှိခြင်း

သခွားသီးမှာ ရေဓါတ် ပါ၀င်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓါတ်ကို ဖြည့်တင်းပြီးသားဖြစ်ရုံသာမက ရေဓါတ်ကုန်ဆုံး ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။ လူတိုင်းအတွက် တစ်နေ့ကို ရေ(၆) ခွက်မှ (၈) ခွက်အထိ သောက်ဖို့ လိုအပ်တာကြောင့် ရေချည်းသက်သက် သောက်ရတာ ပျင်းတဲ့သူတွေအတွက် သခွားသီးရေကို သောက်ပေးခြင်းဖြင့် ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။

(၂) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

ဒါကတော့ ကိုယ်အလေးချိန်များနေလို့ စိတ်အနှောင့်အယှက်ဖြစ်နေသူတွေ အတွက် လွယ်ကူသင့်တော်တဲ့ နည်းလမ်းလေးပါပဲ။ သခွားသီး အရည်ထဲမှာ ဆော်ဒါဓါတ် ပါ၀င်တာကြောင့် အချိုရည်တွေအစား သခွားသီးရေကို အစားထိုးသောက် သုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကျလာဖို့ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

(၃)ခန္ဓာကိုယ်က Antioxidants တွေကို ပေါများလာစေပါတယ်

Antioxidants ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ် ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပြီး အချိန်ဆွဲပေးနိုင်တဲ့ အရာတစ်မျိုးပါ။ Antioxidants ဟာလူ့ခန္ဓာ ကိုယ်အတွက် အလွန်အရေးပါပြီး အသီးအရွက်တွေမှာ အများဆုံးရှိတတ်တာကြောင့် အသီးအရွက်တွေကို များများစားပေးဖို့ ကျန်းမာရေးဆိုင်ရာ နားလည် တတ်ကျွမ်းသူတွေက မကြာခဏ တိုက်တွန်းနေကြတာပဲ ဖြစ်ပါတယ်။

(၄) ကင်ဆာကို ကြိုတင် ကာကွယ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

သခွားသီးမှာ Cucumber bitacincs ဆိုတဲ့ ဇီဝဒြပ်ပေါင်းနဲ့ lignans ဆိုတဲ့ ဓါတုဒြပ်ပေါင်း တို့ပါရှိကြပါတယ်။ ထို ဒြပ်ပေါင်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။ အထိရောက်ဆုံးကတော့ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချ ပေးနိုင်ပါတယ်။

(၅) အသားအရေနဲ့ အရိုးကျန်းမာရေးကို အထောက် အပံ့ဖြစ်စေပါတယ်

အရေပြား ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ သခွားသီးမှာ Vitamin B-5 ပါဝင်တာကြောင့် ၀က်ခြံပေါက်တာတွေကိုလည်း လျော့ပါးသက်သာ စေပါတယ်။ Vitamin K လည်းပါ၀င်ပြီး ၊ Vitamin K ဓါတ်ဟာ အရိုးနဲ့တစ်ရှူးတွေ ကျန််းမာသန်စွမ်းမှုအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကို ဖွဲ့စည်းတဲ့နေရာနဲ့ သင့်တင့်လျောက်ပတ်တဲ့ သွေးခဲဖွဲ့စည်းမှုတွေ ဖြစ်စေဖို့ကိုလည်း အကူအညီ ပေးနိုင်ပါတယ်။ ဒါ့အပြင်် သွေးပေါင်ချိန်တက် တတ်တဲ့သူတွေ သောက်သုံးပေးရင်လည်း ( Blood Pressure ) ကျအောင် ကူညီပေးနိုင်ပါတယ်။

ဒီအချက်လေးတွေကို သိရှိပြီး သခွားသီးကို ကျန်းမာရေးအတွက် တွင်ကျယ်စွာ အသုံးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ သာယာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် …. <3 <3 <3

Credit: မူရင်းရေးသား တင်ပြသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။