မင်းသမီး Kim Ha Neul ကိုယ်ဝန်ရှိနေပါပြီ။ အောက်တိုဘာလ ၁၀ ရက်နေ့မှာ သူမ ရဲ့ အေဂျင်စီဖြစ်တဲ့ SM C&C က အတည်ပြုပြောကြားခဲ့ပါတယ်။ “Kim Ha Neul ဟာ မကြာသေးမီက ကိုယ်ဝန်ရှိနေပြီဆိုတာ သိခဲ့ရပါတယ်။ သူမဟာ သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်နေပါတယ်။ သူမရဲ့ မိသားစုကလည်း သူမ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကိုကြားရတော့ အရမ်းဝမ်းသာနေကြပါတယ်။”

Kim Ha Neul ဟာ မတ်လ ၂၀၁၆ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ တစ်နှစ်အကြာတွဲပြီးနောက် လက်ထပ်ခဲ့ပါတယ်။ မင်းသမီး Kim Ha Neul ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ၂၂ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ လာရောက်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် အဲ့ဒီ့ ရုပ်ရှင်ပွဲတော်ကို မတက်ရောက်ဖြစ်တော့ဘူးလို့လညး်သိရပါတယ်။ သူမရဲ့ ကိုယ်ဝန်ကို ဂရုစိုက်ဖို့ပါ။ သူမရဲ့ နေရာမှာ Girls’ Generation အဖွဲ့မှ YoonA က အစားတက်ရောက်မှာဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ မင်းသမီး Kim Ha Neul နဲ့ သူမရဲ့ ခင်ပွန်းကို ဂုဏ်ပြုလိုက်ကြရအောင်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။