နီနီခင်ဇော်ရဲ့တတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ်လေးကိုပရိသတ်တွေ

မျှော်လင့်စောင့်စားနေမယ်ထင်ပါတယ်။ နီနီ အယ်လ်ဘမ်အသစ်လေးဟာ မကြာခင်မှာပရိသတ်တွေလက်ထဲရောက်ရှိတော့မှာဖြစ်ပါတယ်။ယခင်ထွက်ရှိခဲ့တဲ့ မာရီယိုနဲ့ အနီရောင်အယ်လ်ဘမ် တွေဟာလဲ အောင်မြင်မှုများစွာရရှိခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ ‘နီနီခင်ဇော်’ဆိုတဲ့နာမည်တစ်လုံးစွဲထင်စေခဲ့သလို ယခုတတိယမြောက်အယ်လ်ဘမ်လေးကိုလဲအကောင်းဆုံးပြင်ဆင်ထားပြီးသီချင်းတွေလက်စသတ်နေပြီလို့လဲသိရပါတယ်။

လာမယ့်အောက်တိုဘာလ(၂၉)ရက်နေ့ လှည်းတန်းစင်တာ Indoor Area မှာ နေ့လည် ၃နာရီမှ၆နာရီအထိ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါးသီချင်းတွေဆိုရင်း ပရိုမိုးရှင်းပွဲလေးလုပ်သွားမှာဖြစ်ပါတယ်။ Featuring အနေနဲ့ နီနီခင်ဇော် Teamကရွေးချယ်ထားတဲ့ Redgen ရဲ့ Winner “ANNE” ပါဝင်မှာဖြစ်ပြီး နောက်ထပ်ပါဝင်မယ့် Featuring တွေကိုတော့ပြောထားခြင်းမရှိသေးပဲ Surpriseအနေနဲ့ ပရိသတ်တွေစောင့်မျှော်ရင်ခုန်ရမှာဖြစ်ပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုးလေးတွေကတော့ အာက်တိုဘာ(၂၁)ရက်နေ့မှာနယ်ပွဲလေးတွေသွားဆိုဖို့ရှိပြီး နောက်လထဲမှာပြည်ပပွဲလေးဆိုဖို့ရှိတယ်လို့လဲသိရပါတယ်။ကြားရက်တွေထဲမှာတော့ရိုးရိုးလက်ခံထားတဲ့ကြော်ငြာလေးတွေရိုက်ကူးဖြစ်နေမှာပါလို့လဲသိရပါတယ်။ နီနီ ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လဲ သီချင်းအသစ်လေးတွေနားထောင်ရတော့မယ့်အတွက်ပျော်နေကြမယ်လို့ လဲထင်ပါတယ်။

Source - Ni Ni Khin Zaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။