ငွေစက္ကူတစ်သောင်းကျပ်တန်အတုများအားကိုင်ဆောင်လာသူအား ဖမ်းဆီးအရေးယူခဲ့တယ်လို့သိုရပါတယ်။ပဲခူးတိုင်း၊ မဇင်းရပ်ကွက်၊ အိုးလေးစုပိုင်း၊ (၂) လမ်းသွယ်မှာ နေထိုင်သူလို့သိရပါတယ်။ကျူးလွန်သူထံမှ ငွေစက္ကူတစ်သောင်းကျပ်တန်အတုများ ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ငွေစက္ကူ တစ်သောင်းတန် အတု ၂၃ ရွက်ကို အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီမှာ ရဲအုပ် အောင်မိုးလွင်နဲ့ အဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးရာမှာ သံသယရှိသူ အောင်ကျော်ထွေးရဲ့ နေအိမ်ကနေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ယခုလိုစစ်ဆေးချက်များကြောင့် တရားခံကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

အောင်ကျော်ထွေးကို စစ်ဆေးရာမှာ တစ်သောင်းတန် အတုတွေကို လှမောင်ဆီကနေ ၂၅ ရွက်လျှင် တစ်သိန်းကျပ်နဲ့ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုတဲ့အတွက် လှမောင်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ အမှတ် (၂) နယ်မြေရဲစခန်းမှာ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ပြီး ကွင်းဆက်တွေကို စစ်ဆေး ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ်-MCNTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။