ရုပ်ရှင်သရုပ်ဆောင် ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကို ပန်းပွင့် မီဒီယာမှ ပြန်လည်တောင်းပန်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူရဲ့ သတင်းကို ရေးသားရာ ခေါင်းစဉ်မှာ အနည်းငယ် အထင်လွဲစရာ ဖြစ်ခဲ့တဲ့အတွက် ပန်းပွင့် မီဒီယာမှ ဦးဒိန်းဒေါင်ကို ပြန်လည်တောင်းပန်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ပန်းပွင့် မီဒီယာမှ ယနေ့ အောက်တိုဘာ(၁၀)ရက်နေ့တွင် fb စာမျက်နှာမှ တဆင့် အခုလိုပြန်လည်တောင်းပြန်ထားကြောင်း တွေ့ရပါတယ်။

ဟာသသရုပ်ဆောင် ဒိန်းဒေါင်အား တောင်းပန်အပ်ပါသည်

လွန်ခဲ့သည့်လက ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူမှ ၎င်း၏ ဖေ့စ်ဘွက်စာမျက်နှာတွင် သူမကို ဖေ့စ်ဘွက်အသုံးပြုသူတစ်ဦးက မဖွယ်ရာ မက်ဆေ့ချ်မှား အပို့ခံရကြောင်း လူအများသိအောင် ရေးသားခဲ့ပါသည်။

၎င်းအကြောင်းအရာကို ပန်းပွင့်မှ ဒိန်းဒေါင်၏သမီး ထိုကဲ့သို့ အပြောခံနေရကြောင်း သတင်းရေးသား တင်ဆက်ခဲ့ပါသည်။ သတင်းတွင် နှိမ့်ချခြင်း၊ အထင်လွဲအောင် ဖန်တီးခြင်းတို့ မပါဝင်ခဲ့သော်လည်း ခေါင်းစဉ်မှာ အနည်းငယ် အထင်လွဲစရာဖြစ်ခဲ့ပါသည်။

ထိုအကြောင်းအရာကို ဖခင်ဖြစ်သူ ဒိန်းဒေါင် သိရှိရသည့်အခါ စိတ်မကောင်းဖြစ်သွားသည်ကို သိရသဖြင့် ၎င်းအချိန်မှာပင် ဖြုတ်ချပေးခဲ့ပါသည်။

ယင်းကိစ္စမှာ အကြောင်းအရာ အမှန်ဖြစ်သော်လည်း မလိုလားအပ်သော မှတ်ချက်ပေးမှုများကြောင့် ဟာသသရုပ်ဆောင် ဒိန်းဒေါင် စိတ်နှလုံး မချမ်းမသာ ဖြစ်သွားရသည့်အတွက် ပန်းပွင့်မှ လေးစားစွာ တောင်းပန်အပ်ပါသည်။

ယခင်က သရုပ်ဆောင်ဒိန်းဒေါင် နာမကျန်းဖြစ်စဉ်ကလည်း ပန်းပွင့်မှ ပရိတ်သတ်သိအောင် ဖော်ပြပေးခဲ့ရာတွင် ပရိတ်သတ်များမှ ဒိန်းဒေါင်ကို ကရုဏာသက် အားပေးမှုများရှိခဲ့ပါသည်။

ထို့အတူ ဘုရားထီးတင်စဉ်ကလည်း ပန်းပွင့်မှ ပရိတ်သတ်သိအောင် ဖော်ပြပေးရာတွင်လည်း ပရိတ်သတ်များစွာ သာဓုခေါ်ဆိုခဲ့ကြပါသည်။

(ပန်းပွင့်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ဆန္ဒမရှိပဲ ဖြစ်စဉ်အရှိတိုင်းသာ ပြန်လည်ဖော်ပြပေးနေခြင်းဖြစ်ပါသည်။)

ပန်းပွင့်ပရိတ်သတ်များ စိတ်အနှောက်အယှက်ဖြစ်မည်ဆိုပါကလည်း တောင်းပန်အပ်ပါသည်။" ဟုပြန်လည် ရေးသား တောင်းပန်ထားတာ တွေ့ရပါတယ်။

Source - PannPwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။