မြန်မာနိုင်ငံက ၂၀၁၈ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အာရှ ယူ- ၂၁ စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။ထိုပြိုင်ပွဲများကို မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က လာမည့် မတ်လအတွင်းရန်ကုန်မြို့မှာကျင်းပရန် လျာထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ညိုနှိုင်းဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

၂၀၀၃ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်တို့မှာ မြန်မာနိုင်ငံဘိလိယက်နဲ့ စနူကာအဖွဲ့ချူပ်ဟာ အာရှဘိလိယက်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၂ ကြိမ် လက်ခံကျင်းပခဲ့ဖူးပါတယ်။ယခုပါဝင်လာခဲ့တဲ့ အာရှယူ -၂၁ ပြိုင်ပွဲကိုမူ ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသွားမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဘိလိယက်နဲ့ စနူကာအဖွဲ့ချူပ်က လက်ရှိကျင်းပမဲ့ ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် ဘိလိယက်လူရွေးပွဲကို ရန်ကုန်မြို့မှာ ကျင်းပရန်စီစဉ်ထားကြောင်း သိရှိရပါတယ်။၂၀၁၇ ခုနှစ် အာရှဘိလိယက်ပြိုင်ပွဲကိုတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ထိုပွဲမှာ အဗရာနီ(အိန္ဒိယ) က ဗိုလ်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။ 

source - Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။