Weekend တွေမှာသင်တို့ရဲ့ ရတနာလေးတွေဟာ ရေကူးကန်လိုက်ပို့ဖို့ပူဆာကြပါသလား။ရေကူးခြင်းဟာ ကလေးများအနှစ်သက်ဆုံးသောကစားနည်းတစ်ခုဖြစ်ပါတယ်။ရေကူးကန်ထဲတွင်တစ်နေကုန်ဆော့နေရခြင်းကို ကလေးများအလွန်နှစ်သက်သဘောကျကြပါတယ်။ရေကူးခြင်းဟာ အပျော်သက်သက်မဟုတ်ပဲ သေချာစွာလေ့ကျင့်သင်ကြားပေးလျှင် ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ စတဲ့အကျိုကျေးဇေူးများစွာရရှိနိုင်မည့်အပြင် အန္တရာယ်ကြုံလာပါကအသက်ကိုလည်းကယ်နိုင်မည်ဖြစ်ပါတယ်။

၁။ ဘေးကင်းလုံခြံမှု

မတော်တဆ ရေနစ်ခြင်းသည် တစ်နှစ်မှ လေးနှစ်အတွင်းတွင် ကလေးများသေဆုံးသော အကြောင်းရင်းထဲမှ တစ်ခုဖြစ်ပါတယ်။ သင့်ကလေးကို ထိုအန္တရာယ်မှ ကာကွယ်ရန် ရေကူးသင်ပေးသင့်ပါတယ်။ သင့်ကလေးကို တတ်နိုင်သမျှမြန်မြန် ရေကူးသင်တန်းသို့ သွားရောက်အပ်နှံသင့်ပါတယ်။

၂။ ဖျော်ဖြေရေး

ကလေးအများစုဟာ ရေကူးကန်သို့ ရေသွားကူးရန် မိဘများကို ပူဆာလေ့ရှိကြပါတယ်။ ပူအိုက်တဲ့ရာသီတွေမှာ ရေကူးခြင်းဟာအကောင်းဆုံးသောအနားယူခြင်းတစ်မျိုးဖြစ်ပါတယ်။ သင့်ကလေးကို ဘေးကင်းစွာ ရေကူးနိုင်ရန်လဲ ပြင်ဆင်ပေးထားပြီးစနစ်တကျသင်ကြားပေးသင့်ပါတယ်။ သင့်ကလေးကို ရေရှိသည့်နားသို့ မသွားခိုင်းမည့်အစား ရေကူးတတ်စေရန် သင်ပေးခြင်းကသာလျှင်ပိုမိုမှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။ သင့်ကလေး ကျွမ်းကျင်စွာရေကူးတတ်လျှင် သူရဲ့သူငယ်ချင်းများနှင့် ရေကစားသည့်အခါတွင် သင်စိုးရိမ်ရန် မလိုတော့ပါဘူး။

၃။ ကျန်းမာရေး

ရေကူးခြင်းဟာ အသက်အရွယ်မရွေးလုပ်သင့်သော အားကစားနည်းလည်းဖြစ်ပါတယ်။ သင့်ကလေးကို ငယ်စဉ်မှာပင် ရေကူးသင်ပေးမယ်ဆိုလျှင် သင်ကလေးရဲ့ ဘဝတစ်လျောက်လုံး ထိုအတတ်ကို မမေ့ပဲဆက်လက်အသုံးပြုသွားနိုင်ပြီး အသက်အန္တရာယ် နဲ့ကြုံလာပါကလဲ ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။ ရေထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်လဲ လူကြီးများအတွက် အလွန်ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ မလှုပ်ရှားနိုင်သည်များကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်စေပါတယ်။ရေကူးခြင်းသည် ဆရာများရဲ့စနစ်တကျ သင်ကြားပေးမှုကိုလိုက်နာပြီး လုပ်ဆောင်ရင် အန္တရာယ်မရှိနိုင်သောကြောင့် အသက်ကြီးသူများအတွက်လည်း စိတ်ချရသော အားကစားနည်းလည်းဖြစ်ပါတယ်။ ပြေးသည့်အခါ၊ စက်ဘီးစီးသည့်အခါ လဲကျမည်ကို စိုးရိမ်နေရသည်ထက် သင့်ကလေးကို ရေကူးလေ့ကျင့်ပေးရန် စဉ်းစားသင့်ပါတယ်။ကလေးတိုင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ရေကူးသင်သင့်ပါတယ်။ ရေကူးခြင်းတွင် အဆင့်အမျိုးမျိုးရှိသောကြောင့် သင့်ကလေးသည် ဘဝတစ်လျောက် ရေကူးခြင်းကို ဆက်လေ့ကျင့်နိုင်ပြီး အကျိုးကျေးဇူးများရနိုင်ပါတယ်။ အသက်ငယ်စဉ်မှာ ရေကူးသင်ပေးခြင်းဖြင့် သူတို့၏ ဘဝတစ်လျောက်တွင် အခြားသော စွမ်းရည်များကိုလည်း ရရှိနိုင်စေပါတယ်။

Source - Hello Sayar Won

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။