မြန်မာအသင်းကိုနောက်တစ်ဆင့်ခေါ်သွားပေးမှာလားအောင်သူ


ဒီနေ့ညနေ7နာရီမှာမြန်မာအသင်းဟာအာရှဖလားခြေစစ်ပွဲ

အောင်မြင်ရေးအတွက်ကာဂျစ်အသင်းနဲ့

ကစားဖို့ရှိပါတယ်။လက်ရှိအုပ်စုရပ်တည်မှုအရအိန္ဒိယဟာ

အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီးခြေစစ်ပွဲအောင်ဖို့အခြေအနေ

အကောင်းဆုံးပါ။အုပ့စုဒုတိယနေရာကနေခြေစစ်ပွဲအောင်ဖို့တော့ကာဂျစ်နဲ့မြန်မာတို့ယှဉ်လုရဖို့များနေပါတယ်။မြန်မာအနေနဲ့ကာဂျစ်ကိုဒီညနေနိုင်လိုက်မယ်ဆိုရင်တော့

ခြေစစ်ပွဲအောင်မြင်ဖို့ရာခိုင်နှုန်းတော်တော်များသွားမှာပါ။


ကာဂျစ်အသင်းနဲ့ပွဲမှာအဆုံးအဖြတ်ပေးမှာကတိုက်စစ်မှူး

အောင်သူလို့ပြောလို့ရပါတယ်။အောင်သူဟာပြီးခဲ့တဲ့

ထိုင်းနဲ့ခြေစွမ်းပွဲမှာလည်းဂိုးသွင်းခဲ့ပြီးထိုင်းအသင်းကိုငါးနှစ်ကြာဂိုးမသွင်းနိုင်ခဲ့တဲ့မြန်မာတို့ရဲ့ကျိန်စာဆိုးကိုချေဖျက်ပေးနိုင်ခဲ့သူပါ။ဒီညနေပွဲမှာရောအောင်သူမြန်မာအသင်းကိုနောက်ထပ်တစ်ဆင့်ပို့ဆောင်ပေးနိုင်မလား။အောင်သူနဲ့အတူပွဲထွက်လာမယ့်

တိုက်စစ်မှူးကကျော်ကိုကိုုပါ။လတ်တလောပြသနေတဲ့

ခြေစွမ်းတွေအရကျော်ကိုကိုဟာလည်းနည်းပြကြီးဂတ်သဘောကျတဲ့ကစားသမားတစ်ဦးဖြစ်နေပါတယ်။မြန်မာအသင်းရဲ့တိုက်စစ်မြှားဦးမှာတော့သူတို့နှစ်ဦးကိုတွေ့မြင်ရဖို့များပါတယ်။


အလယ်တန်းမှာတင်ဝင်းအောင်၊ရန်အောင်ကျော်ပွဲထွက်လာဖို့များပြီးလူကောင်သေးတဲ့ရန်နိုင်ဦးကိုတော့ကာဂျစ်နဲ့ပွဲမှာထည့်ကစားဖို့တော့မသင့်ဘူးလို့ထင်ပါတယ်။ရန်အောင်ကျော်နေရာမှာလှိုင်းဘိုဘိုဝင်လည်းဝင်ရောက်ကစားနိုင်ပြီးလူကောင်ကြီးတဲ့ကာဂျစ်ကစားသမားတွေကိုရင်ဆိုင်တဲ့အခါလှိုင်းဘိုဘိုအတွက်အခက်အခဲတချို့ရှိနိုင်ပါတယ်။တောင်ပံနှစ်ဖက်မှာစည်သူအောင်၊မောင်မောင်လွင်၊

ကြည်လင်း၊ဒေဗစ်ဒန်းတို့ကိုရွေးချယ်လာဖို့ရှိပြီးဒေဗစ်ဒန်း၊

စည်သူအောင်တောင်ပံဟာလတ်တလောခြေစွမ်းတွေအရ

အဖြစ်သင့်ဆုံးပါ။နောက်တန်းမှာကျော်ဇင်လွင်၊ဝင်းမင်းထွတ်၊

ဇော်မင်းထွန်း၊သိန်းသန်းဝင်းတို့ကစားဖွယ်ရှိပြီးဝင်းမင်းထွတ်နေရာမှာအမြင့်ဘောကာကွယ်ရာမှာထူးချွန်တဲ့သီဟထက်အောင်လည်းဝင်ကစားနိုင်ပါတယ်။ဂိုးသမားနေရာမှာသီဟစည်သူပွဲထွက်လာဖို့ဖြစ်ပြီးသူ့အနေနဲ့ကာဂျစ်ရဲ့အမြင့်ဘောကစားဟန်ကိုအထူးသတိထားဖို့လိုပါမယ်။ဒီပွဲဟာမြန်မာအသင်းအတွက်သာမကမစ္စတာဂတ်အတွက်ပါ

သေရေးရှင်ရေးပွဲပါ။ဒီပွဲမှာအခြေအနေမကောင်းရင်

မစ္စတာဂတ်ရဲ့နည်းပြထိုင်ခုံလည်းလှုပ်လာနိုင်ပါတယ်။

ကဲစောင့်ကြည့်ကြပါစို့။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။