ဒီခေါင်းစဉ်က သင့်ကိုဆွဲဆောင်နိုင်မှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အီးပေါက်တာက သင့်တို့ချစ်သူနှစ်ယောက်ရဲ့ အချစ်သက်တမ်းကို ကြာရှည်အောင်ပြုလုပ်ပေးနိုင်တယ်ဆိုတာ တကယ့်ကို ရယ်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အခြားအရာတွေထက်စာရင် အီးပေါက်တာက ဘာလို့ ပိုပြီးတော့ ကြာရှည်အောင်ပြုလုပ်ပေးနိုင်တာလဲဆိုတော့.....

အာမခံပြီးတော့တောင်ပြောလို့ရပါတယ်။ သင်ဟာ သင့်ချစ်သူရှေ့မှာ အီးပေါက်နေကြဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးဟာ သက်ဆုံးတိုင်တည်မြဲဖို့သေချာသလောက်ရှိနေပါပြီ။ များသောအားဖြင့် မဖွယ်မရာ အလုပ်တွေကို ဘယ်သူမှ ကိုယ့်ချစ်သူရှေ့မှာ မပြုလုပ်ကြပါဘူး။ အတတ်နိုင်ဆုံး ရှောင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံ၊ အခန့်ညားဆုံးပုံစံကိုသာ ပြပြီး အချိန်တိုင်းချစ်နေအောင်လို့လည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ် သို့သော်လည်း အချိနိကြာလာတာနှင့် အမျှ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။

စိတ်ရောဂါနှင့် ပတ်သက်တဲ့ ဆရာဝန်တစ်ယောက်ဟာ ချစ်သူတွေဟာ မိမိရဲ့ စိတ်ရင်းအတိုင်း ပြုမူဆက်ဆံလေ မိမိရဲ့ အရှိကို အရှိတိုင်း ချပြပြီး သဘာဝကျကျနေနိုင်လေ ပိုပြီး ကြာရှည်စွာလက်တွဲ နိုင်လေပဲ ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်ကပဲ 'naked parenting' ဆိုတဲ့ စာအုပ်ကို ဖြန့်ဝေခဲ့ပြီး ချစ်သူသက်တမ်းကြာရှည်ခိုင်မြဲအောင် ဘယ်လို ပြုမူရမလဲဆိုတာတွေ နှင့် မိဘတွေက သားသမီးတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ အကြောင်းအရာတွေ လဲ ထိုစာအုပ်ထဲ မှာ ပါဝင်ခဲ့ပါတယ်။

သူမဟာ ဆိုရင် သူမယောက်ျား နှင့် အတူလက်မထပ်ရသေးတဲ့ အချိန် သူ့ရှေ့မှာ ပထမဆုံးပေါက်လိုက်တဲ့ အီးဟာသူတို့ နှစ်ယောက် အတွက် ပြောင်းလဲခြင်းတစ်မျိုးဖြစ်ပြီး အချို့အကွေ့တစ်ခုလဲ ဖြစ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ သူမယောက်ျားကတော့ အဲ့ဒီအချိန်ကတည်းက သူမနှင့် အတူတူ ဘဝကို ဖြတ်သန်းမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

မိန်းကလေးတွေဟာ တကယ်တော့ ထိလွယ်ရှလွယ်ကြပါတယ်။ ကိုယ့်ချစ်သူရှေ့မှာ အီးပေါက်လိုက်တဲ့အခါ ယောက်ျားလေးတွေရဲ့ မျက်လုံးထဲမှာ ပိုပြီးဆွဲဆောင်မှုရှိပြီး ဂရုဏာပိုစေပါတယ်။ ဒါပေမယ့် လည်း နှစ်ယောက်တည်းရှိနေတဲ့ အချိန်မှာသာကောင်းပြီး လူအများကြီးရှိနေရင်တော့ မပေါက်သင့်ဘူးလို့ဆိုပါတယ်။ မိဘတွေရှေ့မှာတော့ မဆိုလိုဘူးပေါ့နော်။ တကယ်တော့ အီးပေါက်တယ်ဆိုတာဟာလည်း ငိုခြင်း၊ ရယ်ခြင်းကဲ့သို့ သဘာဝကျတဲ့ ကိစ္စတစ်ခုလို့လဲပြောလို့ရပါတယ်။

ဒီစာကို ဖတ်ပြီးရင်တော့ ကိုယ့်ချစ်သူရှေ့မှာ စိတ်ရှိလက်ရှိ အီးပေါက်လိုက်ပါဆိုပြီး အကြံပြုပါရစေ။ အဲ့ဒါမှ သင်သူ့နားမှာ နေတဲ့ အချိန်ပိုပြီး သက်သောင့်သက်သာရှိပြီး လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့နော်။ ပြီးရင် နှစ်ယောက်သား အားရပါးရ ရယ်မောလိုက်ပါ။ သင်တို့နှစ်ယောက်အတွက် ပျော်ရွှင်ဖွယ်ရာ အမှတ်တရလေးတွေ ဖြစ်သွားပြီပေါ့နော်။

Source: thedailytrend

Translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။