လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံရတဲ့ ဆယ်လီတွေထဲမှာ အနုပညာအသိုင်းဝိုင်းနဲ့ ထိတွေ့နေတဲ့ မိတ်ကပ်ပညာရှင်တွေလည်း ပါ၀င်ပါတယ်။

မိတ်ကပ်ပညာရှင်တွေဟာ သူတို့ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်နိုင်ပြီး မိဘတွေကို လုပ်ကျွေးနေသူအဖြစ်လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။

ပရိသတ်အာရုံစိုက်ခြင်းခံရတဲ့ နာမည်ကြီးမိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာ မိတ်ကပ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး မိန်းကလေးတွေကြား ရေပန်းစားနေသူဖြစ်ပါတယ်။

ချစ်ရတဲ့သူရှိနေတဲ့ မိတ်ကပ်ညီညီမောင် ဟာ လူမှုကွန်ရက်မှာ ချစ်သူနဲ့ ပုံလေးတွေ တင်လေ့ရှိပါတယ်။

““သူ့ရဲ့ ချစ်းခြင်း မေတ္တာ ❤️ စိတ်တိုစိတ်ကောက် ❤️ သဝန်တို ရန်လို ❤️ သံယောဇဉ်တွေ နဲ့ တည်ဆောက်ထားတဲ့

ကျမတို့ မိသားစု ဘဝလေးကို ❤️

ဘယ်တော့မှမခွဲဘူးနော် သေသည်တိုင်ပေါ့ သုသု ကိုကြီးကိုချစ်တယ် ❤️”” ဆိုတဲ့ စာသားလေးကို သူ့ချစ်သူကိုရည်စူးပြီး တင်ထားပါတယ်။

အချစ်ရေးမှာ သာယာတဲ့ သူတို့စုံတွဲလေးဟာလည်း ပရိသတ်စိတ်ဝင်စားနေသူထဲမှာပါ၀င်နေပါတယ်။c 

Source : Nyinyimaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။