ကန်စွန်းရွက်က ရာသီပေါ် အသီးအရွက် မဟုတ်ဘဲ ၁၂ လ ရာသီလုံး မြင်တွေ့နိုင်ပါတယ်။ ကန်စွန်းရွက်ကို မြန်မာနိုင်ငံမှာတော့ ကန်စွန်းရိုးနီ၊ ရိုးရိုးကန်စွန်း (မြန်မာကန်စွန်း) နှင့် တရုတ်ကန်စွန်း ဆိုပြီး သုံးမျိုးတွေ့ရပါတယ်။ ကန်စွန်းရွက်ကို ချဉ်ရည်ဟင်း၊ ချဉ်ဖတ်၊ ကြော်၊ ချက်၊ သနပ်စုံ၊ ကန်စွန်းရွက်ပေါင်းနှင့် ကန်စွန်းရွက်သုပ်အဖြစ် စားသုံးလေ့ ရှိပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးအစားတိုင်းမှာ ကျန်းမာရေးကို အကျိုးဖြစ်စေမဲ့ ဆေးစွမ်း အာနိသင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကန်စွန်းရွက်မှာ ကယ်လိုရီ၊ ကစီဓာတ်၊ သကြား၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၊ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ လူတိန်း၊ ဗီတာမင်စီ နှင့် သံဓာတ် တို့ ပါ၀င်ပါတယ်။ ကန်းစွန်းရွက်မှ ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးများကို တင်ဆက်ပေးလိုက်ပါတယ်။ 

(၁) ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။

(၂) ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ DNAများ ပျက်စီးခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

(၃) ကင်ဆာဆဲလ် အဆမတန် ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ပါတယ်။

(၄) အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။

(၅) သက်ကြီးပိုင်း အမြင်အာရုံချို့တဲ့ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စေ့ကွယ်ခြင်းနှင့် ရေတိမ်ရောဂါတို့ကို

ကာကွယ်ပေးနိုင်ပါတယ်။

(၆) နှလုံးသွေး လွှတ်ကြော ပိတ်ဆို့မှုကို ဟန့်တားပေးနိုင်လို့ နှလုံးသွေးကြော ကျဉ်းရောဂါနှင့် ဆက်စပ်သော နှလုံးရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇) နှလုံးကြွက်သားများကို အားကောင်းစေပါတယ်။

(၈) သုတ်ကို ပွားစေတာကြောင့် အိမ်ထောင်ရေး သုခစွမ်းအင်ကို တိုးပွားစေကာ မျိုးအောင်စေပါတယ်။

(၉) ပန်းသေပန်းညှိုး ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

(၁၀) အကျိတ်ဂလင်းကိုများစွာ အထောက်အကူ ပြုပေးပါတယ်။

မှတ်ချက်။ ပန်းသေပန်းညှိုး ရောဂါ နှင့် သုတ်အား ကောင်းစေဖို့ အတွက် ကန်စွန်းရွက်ကို ကြက်သွန်ဖြူဥ တစ်လုံးနှင့် နွားနို့မှချက်သော ထောပတ်စစ်စစ်တို့ဖြင့် မကြာခဏ ကြော်စားပေးပါက သိသိသာသာကို ပျောက်ကင်း သက်သာစေပါတယ်။

သတင်းအရင်းအမြစ် - ပေါက်ပေါက်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။