အောက်တိုဘာလ၁၀ ရက်နေ့က သတင်းတွေ အရ အဆိုတော် Kim Chungha ဟာ သူမရဲ့ သီချင်းအသစ်နဲ့အတူ နိုဝင်ဘာလမှာ ပရိသတ်ဆီပြန်လာဖို့ရှိနေပါတယ်။ သူမ ဟာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး I.O.I K pop အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်ပါတယ်။

အဆိုတော် Kim Chungha ဟာ တောင်ကိုရီးယားမှာ အဆိုတော် အဖြစ်မလုပ်ကိုင်မီ အမေရိကန်နိုင်ငံ ဒါးလက်စ် တက္ကဆက်မှာ ရှစ်နှစ်လောက်နေထိုင်ခဲ့ပါတယ်။ သူမ မှာ ၆ နှစ်လောက် အက အတွေ့အကြုံရှိပါတယ်။ သူမ ဟာ ငွေရေးကြေးရေး ကိစ္စကြောင့် အက လောကမှ ထွက်လုနီးပါးပါ။ ဒါပေမယ့် သူမရဲ့ မိဘတွေကို ခွင့်ပန် ပြီး ဆက်လက်က ခဲ့ပါတယ်။

Kim Chungha ဘက်က သတင်းရင်းမြစ်တွေကတော့ အဆိုတော် Kim Chungha ဟာ ယခုအခါ သီချင်းအသစ်အတွက် လုပ်ဆောင်နေပြီး ဖြန့်ချီမယ့်ရက်ကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဂျွန်လမှာ အဆိုတော် Kim Chungha ဟာ သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ “Hands on Me” ကိုဖြန့်ချီခဲ့ပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။