နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးကျော်သူက အခမဲ့ သင်တန်းကျောင်းတွေကို ဖွင့်လှစ်ပေးတော့မယ်လို့ သိရပါတယ်။ အသက်မွေးဝမ်းကျောင်းပြု သင်တန်းများကို အခမဲ့သင်ကြားပေးမယ့် သင်တန်းများ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မြောက်ဒဂုံ ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားတဲ့ သုခအလင်းပညာဒါနကျောင်းမှာ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းရှိ နိုင်ငံတကာအဆင့်မီဟတိုတယ်ကြီးများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် ပညာရည်မြင့်မားရေးနှင့် အလုပ်အကိုင်ရှာဖွေရေးတို့ကို အဓိက ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတစ်တန်းကို အချိန်(၂)လကြာ တတ်ရောက်ရမှာ ဖြစ်ပြီး သင်ကြားပေးမယ့် သင်တန်းတွေကတော့ ဟိုတယ်ဝန်ဆောင်မှုအခြေခံသင်တန်း၊ အဲကွန်း လေအေးပေးစက်သင်တန်း နှင့် Electrical လျှပ်စစ်မီးပိုင်း ဆိုင်ရာ အခြေခံသင်တန်း စတာတွေကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းများ ဖွင့်လှစ်တော့မယ့်အကြောင်းကို ဦးကျော်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ “လောဘ၊ဒေါသ၊မောဟတွေဖုံးလွှမ်းနေသည့်ခေတ်ကာလကြီးထဲ ပရဟိတစိတ်ဓါတ်ဖြင့်စီးပွားရှာကြပါစို့။ "ကုသိုလ်လည်းရ ဝမ်းလည်းဝစေမည့်(အခမဲ့)သင်တန်းများဖွင့်တော့မည်။" လို့ ရေးသားထားပြီး “သင် ပညာရေးနိမ့်ကျလို့ အားမငယ်ပါနှင့်။

သင် ဆယ်တန်းမအောင်လို့လည်းစိတ်မပျက်ပါနှင့်။

သင် ငွေကြေးမတတ်နိုင်လို့သင်တန်းမတက်ရမှာမစိုးရိမ်ပါနှင့်။

သင့် စီးပွားရေးအတွက်တွေးပူမနေပါနှင့်။

သင့်မှာ တွေးခေါ်စဉ်းစားဉာဏ်ရှိရင်ပြီးပြီ။

သင့်မှာဦးနှောက်ရှိရင်ပြီးပြီ။

သင် ကျွန်ုပ်တို့အတွက်အချိန်လေးပေးနိုင်ရင်ပြီးပြီ။

သင့် စီးပွားရေးအတွက်တွေးပူမနေပါနှင့်။

(၁.၁၁.၂၀၁၇) မှစပြီး သောကြာ၊စနေ၊တနင်္ဂနွေနေ့ ၃ ရက်ကို (၂)လတိတိအချိန်ပေးလိုက်ရင်သင့်ဘဝလုံခြုံသွားပါပြီ။” လို့လည်း ရေးသားထားပါတယ်။

Source - ဦးေက်ာ္သူ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။