လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ အဓိကအချက်ကတော့ အရင်ဆုံးတွေ့တာနဲ့ နှုတ်ဆက်ကြတာပါ။နိုင်ငံတကာမှာ မတူညီတဲ့ နှုတ်ဆက်ပုံတွေ နှုတ်ဆက်နည်းတွေရှိကြပါတယ်။ မြန်မာလူမျိုးတွေဆိုရင်တော့ လက်အုပ်ချီ ၊ လက်ဆွဲနှုတ်ဆက်လေ့ရှိကြပါတယ်။ ထူးခြားတဲ့ နှုတ်ဆက်ပုံ(၄)မျိုးကိုတော့ အောက်ပါနိုင်ငံတွေမှာ ရှိနေပါတယ် ။

၁ - တိဗက်

လျှာထုတ်ပြတယ်ဆိုတာ ပြောင်တာမျိုးဖြစ်ပေမဲ့ တိဗက်မှာတော့ နှုတ်ဆက်တာ ဖြစ်ပါတယ်။

၂ - နယူးဇီလန်

နှာခေါင်းချင်းထိတယ်ဆိုတာ ချစ်သူချင်း ကျီစယ်ကြတဲ့ လုပ်ရပ်မျိုးပါ။ ဒါပေမဲ့ နယူးဇီးလန်နိုင်ငံ Maori လူမျိုးတွေအတွက်ကတော့ ဒီအပြုအမူဟာ လက်ဆွဲနှုတ်ဆက်သလိုမျိုးပဲ ဖြစ်ပါတယ်။

၃ - ယူကရိန်း

နှုတ်ဆက်တဲ့အနေနဲ့ ပါးတစ်ဖက်ကို နမ်းပြီးတဲ့အခါ ချက်ချင်းခွာလို့ မရပါဘူး။ သုံးဆင့်နမ်းရမှာ ဖြစ်ပါတယ်။ ပထမ ဘယ်ဘက်ပါး၊ ဒုတိယ ညာဘက်ပါး နဲ့ တတိယနောက်ကျောဘက်ကိုပါ။

၄ - ဖိလစ်ပိုင်

ကိုယ့်ထက် အသက်ကြီးတဲ့လူကို ဖိလစ်ပိုင်မှာ နှုတ်ဆက်မယ်ဆိုရင် နှုတ်ဆက်မယ့်လူရဲ့ လက်ဆစ်နဲ့ သင့်နဖူးကို ထိရမှာ ဖြစ်ပါတယ်။ အလွန်အမင်း လေးစားကြောင်း ပြချင်တဲ့အခါ မထိခင် ပါးစပ်ကလည်း မာနိုပိုလို့ ပြောရမှာဖြစ်ပါတယ်။

Photos & Source: Smarter Travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။