မြောက်ကိုရီးယား ရဲ့ ကြီးထွားလာတဲ့ နျူးကလီးယား စွမ်းရည် တွေကို တန်ပြန် တုံ့ပြန် တိုက်ခိုက်ရန် တောင်ကိုရီးယားစစ်တပ်ဟာ လက်နက်အသစ်ကို ထုတ်လုပ်နေပါတယ်။ တောင်ကိုရီးယား လက်နက်ထုတ်လုပ်ရေးဌာန ဖြစ်တဲ့ Seoul’s Agency for Defense Development (ADD) ဟာ ဂရပ်ဖိုက်ဗုံးထုတ်လုပ်ဖို့ နည်းပညာကိုရရှိထားပါတယ်။ ဒီလက်နက်ဟာ အကယ်၍ စစ်ဖြစ်ခဲ့ရင် မြောက်ကိုရီးယား ရဲ့ ပါ၀ါစနစ်ကို ဖြတ်တောက်နိုင်မယ့် လက်နက်လည်းဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်တပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒီ ဂရပ်ဖိုက်ဗုံးထုတ်လုပ်နိုင်တဲ့ နည်းပညာတွေကို လျှို့ဝှက်ထားပါတယ်၊ ဒီဗုံးကို အချိန်မရွေးထုတ်လုပ်နိုင်တဲ့ အခြေအနေမှာရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဒီဗုံးဟာ “blackout bombs” လို့လူသိများပါတယ်။ ဒီဗုံးတွေကို လေယာဉ်ပေါ်ကနေ ဓာတ်အားဖြန့်ဖြူးရေးဌာနတွေပေါ်ကို ကြဲချနိုင်ပါတယ်။ သူတို့ဟာ ဗုံးပဒေသာ အမျိုးအစားဖြစ်ပြီး carbon graphite များကိုပြန့်ကြဲစေပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ပါတယ်။

တောင်ကိုရီးယားစစ်တပ် အနေနဲ့ လေကြောင်းနဲ့ ဒုံးပျံကာကွယ်ရေး အစီအစဉ်တွေကို လညး်လုပ်ဆောင်နေပါတယ်။ ဒီ အစီအစဉ်မှာ တောင်ကိုရီးယားနိုင်ငံပေါ်ကို ပစ်လွှတ်လိုက်တဲ့ နျူးကလီးယား ဒုံးပျံတွေကို ခြေရာခံလိုက်ပြီး ပစ်ချနိုင်ပါတယ်။ ဒီ စနစ်တွေကို ၂၀၂၀ နှစ်လည်မှာ ပြီးစီးဖို့ အရှိန်မြှင့်တင်လုပ်ဆောင်နေပါတယ်။

Source: Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။