နာမည်ကြီး ထိပ်တန်းသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ "ဇွတ်ကျား" ရုပ်ရှင်ကားကြီးကတော့ ပရိသတ်တွေကြား အတော်လေးပေါက်ခဲ့ပါတယ်။ အမွေလိုချင်လို့ ဇွတ်ကျားနေကြတဲ့ မင်းသားတစ်သိုက်ကို အဓိကထားရိုက်ကူးထားတဲ့ ဟာသဇာတ်မြူး ကားလေးတစ်ကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် မင်းသမီးလေး ပက်ထရစ်ရှာရဲ့ မောင်လေးလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ရှာရှာကတော့ သူမရဲ့ မောင်လေး ဒီဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံကို ယခုလို သူမရဲ့ လူမှုစာမျက်နှာမှာ ပြောပြထားတာ တွေ့ရပါတယ်။

""ဇွတ်ကျား" ရဲ့ဇာတ်သိမ်းခန်းမှာပါတဲ့ သူငယ်လေးက ရှာရှာ့ရဲ့မောင်လေးအရင်းခေါက်ခေါက်ဆိုရင် ဘာကြောမယဲဟျောင့်? ?

ဒါရိုက်တာဦးဇော်ရဲ့ချစ်ဇနီးအန်တီသီတာက ၁ cut တည်းပါ ခဏလေးပဲရိုက်ပေးပါနော်ဆိုပြီးအကူအညီတောင်းလို့ဝါသနာလုံးဝမပါတဲ့ကလေးလေးခမျာ မျက်နှာလေးရှုံမဲ့ပြီးသွားရိုက်ပေးရှာပါတယ် ရိုက်ကွင်းပေါ်သွားခါနီးကိုယ့်ကိုပြောသွားသေးတယ် "မမရေ သားမရိုက်ချင်ပါဘူးဆိုနေ သားဝါသနာမပါဘူး" တဲ့

သူဝါသနာမပါတာလေးကိုပဲကျေးဇူးတင်ရမယ်

ကိုယ်ကလည်း ကိုယ့်မောင်လေးကိုအနုပညာအလုပ်လုံးဝမလုပ်စေချင် ❤️?❤️

မောင်ကြီးကျယ်လေး account ကို mention မလုပ်ထားဘူး

သူ့ဆီကို Friend request တွေဝင်လာလို့သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတယ် ?" ဆိုုပြီး ပြောပြထားပါတယ်။ အမလိုပဲ ချောတဲ့ မောင်လေးတစ်ယောက်ကြောင့် ရှာရှာတော့ ယောင်းမလေး ဆိုပြီး ပရိသတ်တွေ ကျီစားတာခံနေရပါတယ်။

Source: Sue Sha Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။