Myanmar Idol Season II ရဲ့ Winner ဆုရှင် သားငယ် ကတော့ ပရိသတ်တွေ ပီတီဖြစ်စရာ အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သာမန်လူတစ်ဦးဘဝကနေ နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်လာတဲ့ သားငယ်ဟာ သိုသိပ်စွာ နေထိုင်တတ်ပြီး ယခု အလှူကိုလည်း သူငယ်ချင်းဖြစ်သူ အဆိုတော် မိုင်းမိုင်းဆိုင် ဆီက တဆင့် သိရတာဖြစ်ပါတယ်။

အဆိုတော် သားငယ်ကတော့ သူ အကြော်ရောင်းခဲ့တဲ့ ၂၁ မိုင်က ရှင်ပြုမင်္ဂလာ မလုပ်နိုင်တဲ့ ကလေးငယ်တွေကို ရှင်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လှူဒါန်းမှုနဲ့ပတ်သတ်ပြီး အဆိုတော် သားငယ်က အသိပေးခြင်း မရှိခဲ့ပေမယ့် သူငယ်ချင်း မိုင်းမိုင်ဆိုင်ကတော့ သူမရဲ့ လူမှုစာမျက်နှာကတဆင့် ယခုလို ဆိုထားပါတယ်။ 

"၀က်ကလေးတို့ဇနီးမောင်နှံရဲ့အလှူ.. ရှင်မပြုနိုင်တဲ့ကလေးတွေကို ရှင်ပြုပေးတာတဲ့အများရီးဘဲ.. ကြည်နူးစရာကောင်းလိုက်တာဝက်ကလေးရေ.. ကလေးမိဘတွေလည်းဝမ်းသာမျက်ရည်တွေနဲ့ ..စိတ်ကောင်းရှိတဲ့ငါ့ဝက်ကြီး ဒီထက်အောင်မြင်ပါစေ..ကိုယ်တွေက ကားပေါ်ဇလုံကြီးနက်အစားတစ်လိုင်း.. ခိခိ?အားလုံးသာဓုခေါ်..မုဒိသာပွားနိုင်ကြပါစေ.?လမ်းတောက်လျှောက် ရေသန့်အလှူပေးတဲ့ Gold Mountain သောက်ရေသန့်မိသားစုလည်း စီးပွားပို၍တိုးပါစေရှင့် ??" လို့ ဆိုပါတယ် ပရိသတ်ကြီးရေ။ ပရိသတ်ကြီးလည်း ချစ်ရတဲ့ အဆိုတော် သားငယ်တို့ ဇနီးမောင်နှံအလှူအတွက် သာဓုခေါ်ပေးကြပါ အုန်းနော်........

Source: Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။