လွန်ခဲ့တဲ့ ၁၄ နှစ်၊ 2003 ခုနှစ် September 16 ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ “ ဘာလိုသေးလဲ ” ဆိုတဲ့သီချင်းခွေဟာပရိတ်သတ်တွေကို တော်တော်လေးဖမ်းစားနိုင်ခဲ့တဲ့ အခွေလေးဖြစ်ခဲ့ပါတယ်။ 90 Born တွေကြားမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ မိန်းကလေးအဆိုတော်အဖွဲ့တစ်ခုလဲ ဖြစ်ခဲ့ပါတယ်။ ကိုယ်တို့အရမ်းကိုကြွေခဲ့ရတဲ့သီချင်းလေးတွေပေါ့။ “ ရိုးသွားပြီ ” “ ရိုးရိုးလေးစဉ်းစားကြည့် ” “အချိန်တိုင်းရူး” “ လူမိုက်လေး ” ဆိုတဲ့သီချင်းတွေကတော့ ပရိတ်သတ်ပါးစပ်ဖျားမှာ ယနေ့ထက်တိုင်စွဲနေခဲ့တဲ့သီချင်းလေးတွေပါပဲ။

ပထမသီချင်းခွေထွက်ပြီးတဲ့နောက်ပိုင်း အခွေအသစ်ထပ်မထွက်ဖြစ်တော့ပဲ Show တွေမှာပဲအတွေ့များခဲ့တဲ့ NO အဖွဲ့ကို ပရိတ်သတ်တွေရင်ထဲမှာ အခုထိရှိနေတုန်းပါပဲ။ သူတို့အဖွဲ့တကွဲတပြားစီဖြစ်ခဲ့ရတုန်းကလဲ ပရိတ်သတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ သူတို့ရဲ့သီချင်းလေးတွေဟာလဲ ဘယ်ချိန်မဆို ပါးစပ်ဖျားမှာစွဲနေတုန်းပါပဲ။ NO ပရိတ်သတ်တွေကတော့ ဖြစ်နိုင်ရင် အခွေသစ်ထွက်လာဖို့လဲမျှော်လင့်နေပုံရပါတယ်။

ခုချိန်မှာတော့ ကိုယ်ပိုင်မိသားစုလေးတွေကိုယ်စီနဲ့ ပျော်ရွှင်နေကြတဲ့ NO အဖွဲ့ရဲ့ပုံရိပ်လေးတွေကလဲကြည်နူးစရာပါပဲ။ အခွေအသစ်ထွက်လာမယ်ဆိုရင်လဲ ပရိတ်သတ်တွေကအားပေးဖို့ အဆင်သင့်ဖြစ်နေမှာပါ။ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ No အဖွဲ့က တကွဲတပြားစီဖြစ်ပြီးတဲ့နောက်ပိုင်း ကိုယ်ပိုင်ဘဝတွေကိုယ်စီနဲ့ အဆင်ပြေပြေဖြတ်သန်းနေကြပါပြီ။ NO ချစ်သူတွေ အမှတ်တရရှိစေဖို့ NO အဖွဲ့ရဲ့ပုံရိပ်လေးတွေကို ဝေေ၀ဆာဆာဖော်ပြပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။