ကျော်ကိုကိုရဲ့ဂိုးနဲ့ကျောက်ခဲရေပေါ်ဖြစ်ခဲ့တဲ့မြန်မာ

မနေ့ကမြန်မာအသင်းရှုံးပြီထင်ထားခဲ့ပေမယ့်ကျော်ကိုကိုရဲ့ပွဲပြီးခါနီး

နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူမြန်မာတို့ပြန်လာနိုင်ခဲ့ပါတယ်။မြန်မာအသင်းဟာဒီပွဲရှံုးရင်အာရှဖလားခြေစစ်ပွဲ

အောင်မြင်ဖို့ခက်ခဲသွားမှာဖြစ်ပြီးသရေကျခဲ့လို့တာအသက်ရှူချောင်သွားခဲ့ရပါတယ်။ဒီနေ့ပွဲမှာလည်းဂိုးသမားသီဟ

စည်သူထိုင်းနဲ့ပွဲကလိုပဲအမှားအယွင်းထပ်လုပ်ခဲ့လို့

ကာဂျစ်ကိုပယ်နယ်တီပေးခဲ့ရပါတယ်။မြန်မာအသင်းရဲ့ကွင်း

လယ်ကလည်းအမှားအယွင်းများလွန်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ကွင်းလယ်ကခါးပြတ်နေတဲ့အတွက်ရှေ့တန်းကကျော်ကိုကိုနဲ့အောင်သူအလုပ်မဖြစ်ခဲ့ပါဘူး။

ဇော်မင်းထွန်းတို့ရဲ့နောက်တန်းကလည်းအမှားအယွင်းများနေခြဲ့

ပြီးတစ်သင်းလုံးမှာပုံမှန်ခြေစွမ်းရတာအောင်သူ၊စည်သူအောင်၊ကျော်ကိုကိုနဲ့ဒေးဗစ်ဒန်းပဲရှိခဲ့တာပါ။

ရန်နိုင်ဦး၊မောင်မောင်လွင်တို့ရဲ့မလိုအပ်တဲ့ကန်ချက်တွေကလည်းမြန်မာအသင်းကိုချောက်ကျစေခဲ့ပါတယ်။

ရန်နိုင်ဦးတောင်ပံကသေနေခဲ့ပေမယ့်စည်သူအောင်

ခြေစွမ်းပြနေခဲ့လို့ တော်သေးတယ်ဆိုရမှာပါ၊

မြန်မာအသင်း

ကံကောင်းတာကကာဂျစ်ဟာသက်လုံ

မကောင်းတဲ့အသင်းဖြစ်နေတာပါ။ဒါတောင်နောက်တန်း

အမှားကနေဒုတိယဦးဆောင်ဂိုးထပ်ပေးလိုက်ရပါသေးတယ်။

ဒါပေမယ့်မြန်မာအသင်းကျဉ်းထဲကြပ်ထဲရောက်တိုင်း

ကယ်တင်နေကြအောင်သူကပထမချေပဂိုးနဲ့ကျော်ကိုကိုက

နာကျင်အချိန်ပိုချေပဂိုးသွင်းပေးခဲ့လို့ပွဲအပြီးမှာ2-2

နဲ့သရေကျခဲ့ပါတယ်။မြန်မာအသင်းဟာ နောက်ထပ်ခြေစစ်ပွဲကို

India မှာ အဝေးကွင်းသွားကစားရမှာပါ၊

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။