မိန်းကလေးတွေ တော်တော်များများဟာ သူတို့ ချစ်သူ၊ သူတို့ လက်တွဲဖော်တွေနှင့် ပတ်သက်ပြီး မေးခွန်းထုတ်တာကို အမြဲခံကြရပါတယ်။ တချို့ဆိုရင် နင်က တစ်ခြား သူ့ထက်ကောင်းတဲ့ သူကို ရနိုင်တာပဲ သူ့ကို ဘာလို့ ရွေးတာလဲ သူပ နင်နှင့် မတန်ပါဘူးဟာလို့ ပြောနေတဲ့ မိန်းမသားတွေ အတွက် ဒီစာကိုရေးလိုက်ရပါတယ်။ ဖတ်ပြီးတော့ သူတို့ကို ပြန်ပြောစရာတွေ ရသွားတာပေါ့။

ကျွန်မသူ့ကို ရွေးချယ်တယ်။ ဗလတွေရှိလို့တော့မဟုတ်ဘူး စိတ်ခွန်အားအပြည့်ရှိလို့ပါ။ ကျွန်မပြန်ချစ်အောင်လို့ သူ အစွမ်းကုန်ကြိုးစားခဲ့လို့ပေါ့။

ကျွန်မသူ့ကိုရွေးချယ်တယ်။ ကျွန်မလုံးဝ မရယ်ချင်တဲ့အချိန်၊ ဘဝလမ်းစ ပျောက်ဆုံးနေတဲ့အချိန်၊ ရယ်ချင်စိတ်တွေပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာတောင် ကျွန်မကို ပျော်ရွှင်အောင်၊ အူတက်ပြီး ရယ်ချင်လာအောင် လုပ်ပေးနိုင်တဲ့ လူစားမျိုးမို့လို့ပေါ့။

ကျွန်မသူ့ကို ရွေးချယ်တယ်။ ကျွန်မ စိတ်တွေ တစ်နေရာကို လွင့်မြောနေတဲ့ အချိန်၊ တစ်နေရာကို လွင့်ပါသွားတဲ့ အချိန်မှာ ကမ႓ာမြေပေါ်ပြန်ရောက်လာအောင် လုပ်ပေးနိုင်တဲ့သူမို့လို့ပါ။ ဘယ်တော့မှ မတုန်လှုပ်ပဲ သူ့ရဲ့ ရည်မှန်းချက်တွေကို ပြည့်မြောက်အောင် ဆောင်ရွက်နိုင်တဲ့သူမျိုးမို့လို့ပေါ့။

ကျွန်မသူ့ကို ရွေးချယ်တယ်။ သူဟာ သူ့ရဲ့ အချစ်တွေကို သူချစ်တဲ့ သီချင်းတွေ၊ တိရစ္ဆာန်တွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေ ပြီးတော့ ကျွန်မကို ဘယ်လိုမျှဝေမလဲဆိုတာကို ကောင်းစွာသိတဲ့ ယောက်ျားတစ်ယောက်မို့လို့ပေါ့။

ကျွန်မသူ့ကို ရွေးချယ်တယ်။ သူဟာ ကျွန်မ စိတ်ကူးယဉ်ထားတဲ့ သူတစ်ယောက်မဟုတ်လို့။ အဲ့ဒါထက်ပိုတဲ့ သူတစ်ယောက်မို့လို့ပေါ့။

သူက အရာရာတိုင်း ပြည့်စုံပြီး ပြောစရာမရှိတဲ့ perfect man ကြီးတော့ မဟုတ်ပါဘူး။ ကျွန်မတို့လဲ မဟုတ်ဘူးလေ။ ကျွန်မ က သူ့အတွက် ဘယ်လောက်အရေးပါတယ်၊ သူ့မျက်လုံးထဲမှာ ကျွန်မ ဘယ်လောက်လှပတယ်၊ ကျွန်မကို သူဘယ်လောက်ချစ်တယ်ဆိုတာကို သူနှင့် အတူရှိနေတဲ့ အချိန်တိုင်း သတိပေးတဲ့ သူတစ်ယောက်ဖြစ်လို့ ကျွန်မ အတွက်တော့ သူက ပြီးပြည့်စုံတဲ့ လူစားမျိုးပေါ့။

ကျွန်မသူ့ကို ရွေးချယ်တယ်။ ကျွန်မတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ဘာမှ ဖုံးကွယ်စရာ ရှက်ရွံ့စရာမလိုဘဲ အရှိအရှိ အတိုင်း ရိုးသားစွာနေလို့ရတယ် လေ။ ကျွန်မတို့က လည်း အဲ့ဒီလိုမျိုးပဲ ချစ်တတ်ကြတာကို။

ကျွန်မသူ့ကို ရွေးချယ်တယ်။ ကျွန်မတို့ နှစ်ယောက်တူတူရှိတဲ့ အချိန်တိုင်းဟာ ပေါတောတော ကြောင်တောင်တောင် နှင့် တစ်ယောက်ကို တစ်ယောက် စနောက်ပြီး ပျော်ရွှင်စွာဖြတ်သန်းကြတယ်လေ။ အရာရာတိုင်းကို စိတ်ညစ်ပြီး လေးလေးပင်ပင်ဖြတ်သန်းဖို့ လူ့ဘဝဟာ တိုတောင်းလွန်းပါတယ်။

ကျွန်မ သူ့ကို ချစ်တယ်။ သူ့လက်မောင်းတွေကြားမှာ နေရတာ အရမ်း အေးချမ်းတာပဲ။သူ့ရဲ့ ရယ်သံတွေက ကျွန်မ ကြားဘူးသမျှ အသံတွေထဲမှာ အလှအပဆုံးပဲလေ။ သူ့ရဲ့ အပြုံးတွေကို ကျွန်မ တစ်ခါမှ မေ့လို့မရဘူး။ သူ့ရဲ့ မျက်လုံးလေးတွေမှာ ကြင်နာမှုတွေ၊ ဂရုဏာတွေနှင့် ပြည့်နှက်နေတယ်။ သူ့ရဲ့ အနမ်းတွေက ကျွန်မရဲ့ စိုးရိမ်မှုတွေ၊ မတည်ငြိမ်မှုတွေကို အမြဲပျောက်အောင်လုပ်ပေးနိုင်တဲ့လူစားမျိုးပါ။

ကျွန်မသူ့ကိုရွေးချယ်တယ်။ ကျွန်မ ဘဝရဲ့ အပြောင်း အလဲတွေ အချိုးအကွေ့တွေမှာ သူမဟုတ်ဘဲ အခြားသူတစ်ယောက်နှင့် မဖြတ်သန်းချင်ဘူး။ ကျွန်မသူ့ကို ရွေးချယ်တယ် ဘာလို့လဲဆိုတော့ ကျွန်မသူ့ကို ရွေးချယ်ခဲ့လို့ပါ။ 

Source: Open Letters that matter

Translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။