အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီမှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဝမ်ပေါင်ကုမ္ပဏီကြေးနီကား ၄ စင်းကို မိုးကြိုးပြင်ကျေးရွာထိပ်မှာ ဒေသခံတောင်သူတွေက ပိတ်ဆို့တားဆီးထားသော်လည်း စစ်တပ်အင်အားဖြင့်ဝိုင်းကာ ကားများကို မောင်းနှင်သွားခဲ့ကြတယ်လို့သိရပါတယ်။ 

မိုးကြိုးပြင် ကျေးရွာမှ ကိုဖိုးစနေက"" တပ်သားအင်အားများတယ်။ သူတို့က ကားတွေနား ဒေသခံတွေမကပ်နိုင်အောင် ဝိုင်းထားတာ။ နောက်ပြီး ဘေးကနေ ဝိုင်းရံထားပြီး တစ်စင်းချင်း မောင်းသွားတာ " လို့ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနယ်လုံဝန်ကြီး ကျော်သန့်နိုင် ဦးဆောင်တဲ့ တပ်ကား ၅ စင်းနဲ့ ရဲကား ၁ စင်း ဟာ လက်နက်အပြည့်စုံနဲ့ ရောက်လာခဲ့ပြီးနောက် ပိတ်ဆို့ထားတဲ့ ကားများကို တပ်အင်အားနဲ့ ဝန်းရံလျှက် အခုလို မောင်းနှင် သယ်ဆောင်သွားတာပါလို့လည်းသိရပါတယ်။အစားထိုးလယ်ယာမြေဧက ၁၉၀၀ ကို ဖော်ထုတ်ပေးဖို ဒေသခံတောင်သူများအနေနဲ့ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတွေကို တွေ့ခွင့်ရဖို့ အခုလို ကြေးနီကား ၄ စင်းကို ပိတ်ဆို့ပြီး တောင်းဆိုထားတာလို့သိရပါတယ်။

သတင်းအရင်းအမြစ်-DVB photo ရန်နိုင်စိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။