မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အီကွေဒေါအသင်းကို အာဂျင်တီးနားအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်အတွက် အနိုင်ကန်ရမဲ့ အာဂျင်တီးနားအသင်းဟာ ဖိအားတွေရှိနေခဲ့ပေမဲ့ မက်ဆီရဲ့ သွင်းဂိုးတွေကြောင့် နောက်တဆင့်ကို တတ်ရောက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အီကွေဒေါအသင်းကတော့ အဆင့် ၈ သာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အီကွေဒေါအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျက်ဖာဆန်၊ ရာမီးရက်၊ အိုင်မာ၊ အော်ဒိုးနက်၊ အင်ဒရီဂို၊ အာဘိုလီဒါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဂျင်တီးနားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘီနက်တီဒို၊ မက်ဆီ၊ ဆယ်ဗီယို၊ ဒီမာရီးယား၊ မာရှေယာနို၊ အကူနာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အီကွေဒေါအသင်းက အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားခဲ့ပေမဲ့ နိုင်စိတ်ပြင်းလိုနေတဲ့ အာဂျင်းတီးနားအသင်းကို အရံှူးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ အီကွေဒေါအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲစလို့ ၁ မိနစ်မှာပဲ အိုင်ဘာရာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၁ မိနစ်မှာပဲ အာဂျင်တီးနားအသင်းအတွက် ချေပဂိုးကို မက်ဆီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက် ၇ မိနစ်အကြာမှာပဲ မက်ဆီက သူရဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီရဲ့ ဟတ်ထရစ်ဖြစ်စေမဲ့ဂိုးကိုတော့ ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။