မြန်မာပရိသတ်တွေကတော့ မင်းသား Aamir Khan ကို 3 Idiots ဇာတ်ကားလေးနဲ့ ရင်းနှီးကြမှာပါ။ လက်ရှိမှာလည်း ပရိသတ်အားပေးမှု အများဆုံး မင်းသား အဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ မင်းသား Aamir Khan ဟာ အသက် ၅၂ နှစ်ရှိပြီဖြစ်ပြီး မွန်ဘိုင်း၊ အိန္ဒိယမှာမွေးဖွားခဲ့ပါတယ်။ အိန္ဒိယ ရုပ်ရှင်လောကမှာ တော့ နာမည်အကြီးဆုံးနဲ့ လွှမ်းမိုးမှု အရှိဆုံးမင်းသားတစ်ယောက် အဖြစ် ရပ်တည်နေသူပါ။

Khan ဟာ သူ့ ဦးလေး ရဲ့ ရုပ်ရှင်ကား Yaadon Ki Baaraat (1973) မှာ ကလေးသရုပ်ဆောင်အဖြစ် စတင်သရုပ်ဆောင်ခဲ့ပါတယ်။ အချစ်ဇာတ်ကားလေး ဖြစ်တဲ့ Qayamat Se Qayamat Tak (1988) ဇာတ်လမ်းကနေစပြီး ခေါင်းဆောင်မင်းသား အဖြစ် စတင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသား Khan ဟာ ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်းများစွာ လညး် ရရှိခဲ့ပါတယ်။ မင်းသား Khan ဟာ ၂၀၀၃ခုနှစ် နဲ့ ၂၀၁၀ ခုနှစ်များမှာ အိန္ဒိယ အစိုးရ ရဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

မင်းသား Aamir Khan ဟာ သူ့ရဲ့ ပထမ ဇနီးဖြစ်တဲ့ Reena Dutta နဲ့ ၁၅ နှစ်တာ လက်တွဲခဲ့ပါတယ်။ အဲ့ဒီ့နောက်တော့ ရုပ်ရှင်ဒါရိုက်တာ Kiran Rao ကို လက်ထပ်ခဲ့ပါတယ်။ မင်းသား Khan မှာ Dutta နဲ့ ရတဲ့ ကလေး ၂ယောက် ရှိပြီး နောက် တစ်ယောက် ကတော့ Rao နဲ့ရတာပါ။ ပရိသတ်ကြီးရေ မင်းသား Aamir Khan ရဲ့ အနုပညာအောင်မြင်မှု တွေအတွက် ဂုဏ်ပြုပေးလိုက်ရအောင်။

Source: Bollywood Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။