မအေးသောင်းကတော့ သူမရဲ့လူမှုကွန်ယက်မှာ ပရိသတ်တွေအတွက် အမြဲစာသားလေးတွေ ဗဟုသုတရစရာလေးတွေ အကျိုးရှိမယ့်နည်းလေးတွေကိုအမြဲပြောလေ့ရှိသူတစ်ယောက်ပါ။ပရိသတ်တွေနဲ့ တရင်းတနီးအမြဲပြောလေ့ရှိသူတစ်ယောက်မို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုဂရုစိုက်မှုတွေကို ရရှိထားသူတစ်ယောက်ပေါ့။ယခုအခါမှာတော့ လူမှုကွန်ယက်အသုံးမပြုတဲ့ မြင့်မြတ်ဟာလက်ရှိအသုံးပြုလာပြီဖြစ်တဲ့အတွက် မအေးသောင်းကအလင်းပြလိုက်တာဖြစ်ပါတယ်။

မအေးသောင်းရဲ့ လူမှုကွန်ယက်ပေါ်မှာတော့ "သူ့အကောင့်လေးပြန်ရပြီဆိုပဲ ။ Myint Myat"လို့အလင်းပြကာ ပရိသတ်တွေနဲ့မိတ်ဆက်လိုက်တာဖြစ်ပါတယ်။မြင့်မြတ်ရဲ့ ပရိသတ်တွေကလည်း အားပေးမှုစာသားလေးတွေ နဲ့ ဝိုင်းရံမှုတွေကိုလည်း တွေ ရပါတယ်။မြင့်မြတ်ကတော့ မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသားတစ်လက်ဆိုတာကိုတော့ ပရိသတ်အသိပဲဖြစ်မှာပါ။

ပရိသတ်တွေအနေနဲ့လည်း ကိုမြင့်မြတ်ရဲ့ အကောင့်လေးကိုသွားရောက်အားပေးကြဖို့လည်း တိုက်တွန်းချင်ပါတယ်။တလောခေတ်စားခဲ့တဲ့ ဂျင်းကောင်းကတော့ ယခုထိတိုင်သုံးနှုန်းနေဆဲ ဖြစ်ပြီး ပရိသတ်ကို ဒီစာကားလေးက လွမ်းမိုးသွားတယ်ဆိုလည်းမမှားပါဘူး။မြင့်မြတ်ရဲ့ပရိသတ်တွေအနေနဲ့လည်း ကိုမြင့်မြတ်အတွက် စာသားလေးတွေနဲ့ အားပေးခဲ့ကြဖို့ ပြောခဲ့ချင်ပါတယ် ကျေးဇူးတင်ပါတယ်............................

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။