မနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ချီလီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ဆန်းချက် ဦးဆောင်လာခဲ့တဲ့ ချီလီအသင်းကတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး နောက်တဆင့် တတ်ရောက်ခွင့်မရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘရာဇီးလ်အသင်းကတော့ ရမှတ် ၄၁ မှတ်နဲ့ အုပ်စုအဆင့် ၁ နဲ့ နောက်တဆင့် ကိုတတ်ရောက်ခွင့်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါဘရီရယ်ဂျီဆပ် ၊နေမာ၊ ပေါ်လင်ဟို၊ ကတ်စမဲရိုး၊ အော်ဂတ်စထရို၊ ကော်တင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချီလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အလက်ဆစ်ဆန်းချက်၊ ဗားဂတ်၊ ဂရေးမီဒယ်၊ အာရန်ဂွက်၊ ဟာနန်ဒက်၊ ဂျိန်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချီလီအသင်းဟာ ပီရူးအသင်းနဲ့ ရမှတ်တူညီခဲ့ပေမဲ့ ဂိုးကွာခြားချက်ကြောင့် ပီရူးအသင်းဟာ နောက်တဆင့်အတွက် ပျော်ရွင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီလ်းအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်း ၅၅ မိနစ်မှာမှ စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ပေါ်လင်ဟိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက် ၂ မိနစ်အကြာမှာပဲ ဘရားဇီလ်းအသင်းအတွက် ဒုတိယဂိုးကို ဂျီဆပ် ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကို ဂျီဆပ် က မိနစ် ၉၀ မှာသွင်းယူပေးခဲ့တာဖြစ်ပြီး Man Of the Match ကိုလည်း ဂျီဆပ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။