ပရိသတ်အချစ်တော် ဖွေးဖွေး ဟာ အနုပညာလှုပ်ရှားမှုတွေများစွာနဲ့ပရိသတ်အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ညနေတိုင်း Gym ဆော့ဖြစ်နေပြီး ဝိတ်တွေချနေပါတယ်လို့သိရပါတယ်။ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမယ့် ရွှေကြာရုပ်ရှင်ကားကြီးအတွက် ဝိတ်ချနေတာဖြစ်ပြီး လက်ရှိမှာ ၁၄ ပေါင် ကျသွားပါတယ်လို့ပြောပါတယ်။ 

နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးတွေ နဲ့ အသစ်ထွက်ရှိမယ့် ဗီဒီယိုဇာတ်ကားတွေမှာ Slim Body လေးနဲ့ ချစ်စရာ ဖွေးစိန်ကို ပရိသတ်တွေ တွေ့မြင်ရမှာပါ။ လက်တလောမှာတော့ “ Bella Cosmetic” နဲ့ ကြော်ငြာလေးတွေရိုက်ဖြစ်နေပါတယ်။ ၁၁ လပိုင်းမှာ ဆရာတော် ‘အရှင်ဆန္ဒာဓိက” ရဲ့အသေလှတဲ့သူ စာအုပ်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး အကြောင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်ကား နာမည်ကတော့ “မုန်းစွဲ”လို့အမည်ရပြီး သရုပ်ဆောင်တွေကတော့ နေတိုး ၊ကျော်ကျော်ဘို၊ မင်းသွေး ၊ဖွေးဖွေး တို့ပါဝင်ရိုက်ကူးကြမယ်လို့သိရပါတယ်။

ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားနေပါတယ် ဆိုတဲ့ဖွေးစိန်လေးရဲ့ ချစ်စရာပုံလေးတွေကိုပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

Source - Phway Phway 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။