မကြာသေးမီရက်ပိုင်းကမှ ဒုတိယအိမ်ထောင်ပြုထားတဲ့ နာမည်ကျော် စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင်ဟာ ဟန်းနီးမွန်းခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်။

ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ဆယ်လီတစ်ဦးဖြစ်တဲ့ သန္တာလှိုင်ဟာ ဟန်းနီးမွန်းကို မိသားစုကိုပါခေါ်သွားတဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သားသမီးနှစ်ယောက်ရဲ့ မေမေ သန္တာလှိုင်ဟာ Single Mother အဖြစ် မြန်မာပြည်ပြန်ရောက်လာပြီး ကိုယ်ပိုင်အရည်ချင်းနဲ့ရပ်တည်နေတဲ့ မိခင်တစ်ဦးလို့ ဆိုနိုင်သလို အရွယ်တင်နုပျိုလှပနေသေးတဲ့ သူမရဲ့ ဆွဲဆောင်မှုတွေကြောင့် မိန်းကလေးချင်းတောင် အားကျရတဲ့Idol ဆိုပြီး သတ်မှတ်ခံထားသူပါ။

Gym ထရိန်နာဆရာမတစ်ဦးဖြစ်သလို မော်ဒယ်ပြိုင်ပွဲတွေမှာလည်း ဒိုင်တစ်ဦးအဖြစ် ပါ၀င်ဖူးတဲ့ သူမဟာ ကိုယ့်ခွန်ကိုယ့်အားနဲ့ သားသမီးနှစ်ယောက်နဲ့ရပ်တည်နေသူအဖြစ် နာမည်ကြီးပါတယ်။

သူမလို ကလေးနှစ်ယောက် အမေကို လူပျိုလူလွတ်တစ်ယောက်က ဘာကြောင့်လက်ထပ်ယူလဲဆိုတာကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။

""အသက် ၄၀ အရွယ် ကလေး၂ယောက်အမေကို လူပျိုလူလွပ်တစ်ယောက်က လက်ခံပြီး လက်ထပ်နိုင်အောင် ဘး်လိုများ စဉ်းရုံးလိုက်ပါသလဲလို့ မေးနေကြသော မောင်လေးတွေနဲ့ ညီမလေးများရေ.....

အမကျင့်သုံးခဲ့တာကတော့

၁။ စံထားရတဲ့ ကလေးတွေရဲ့ အဖေနေရာကို အခြားသူနဲ့ အစားထိုးဖို့ မကြိုးစားဘူူးဆိုရင်....

၂။ ကိုယ့် လက်ရှိအခြေအနေကို အရှိအတိုင်း လက်ခံနိုင်တဲ့ လူမျိုးပဲ ကိုယ့်အနားကို ကပ်ခွင့်ရအောင် အစောကြီးကထဲက ဘာမှ မဖုံး မကွယ် မဝှက် မချန်ပဲ ရိုးသားတဲ့ ခင်မင် မေတ္တာတွေနဲ့သာ စခဲ့မယ်ဆိုရင်.......

နောက်ဆက်တွဲ ပြသနာ နဲပါတယ်လို့ ကျွန်မရဲ့ အတွေ့ အကြုံအရ ပြောပါရစေရှင်....."" 

Source : Thandarhlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။