မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဘယ်ဂျီယံ အသင်းက ဆိုက်ပရပ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်ကို တတ်ရောက်ခွင့်ရရှိထားပြီးသားဖြစ်တဲ့ ဘယ်ဂျီယံအသင်းကတော့ အိမ်ကွင်းမှာ ဆိုက်ပရပ်အသင်းကို ဂိုးသွင်းလေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။ဆိုက်ပရပ်အသင်းကတော့ အဆင့် ၅ နေရာနဲ့ သာ အဆုံးသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဘယ်ဂျီယံအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ ဘတ်ရူအာရီ၊ သောဂမ်ဟာဇတ်၊ မူနီယာ၊ တီယာလီမန်း ၊ ဝစ်ဇယ်၊ ချက်ဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆိုက်ပရပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆိုထရီရူ၊ အလန်ဇန်ဒရို၊ လာဗန်၊ အာတီမာတတ်၊ ချာလ်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘယ်ဂျီယံအသင်းကတော့ ပွဲကို စိုးမိုးပြီး ထိန်းချူပ်ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်ဂျီယံအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ၁၂ မိနစ်မှာ ဟာဇတ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၂ မိနစ်မှာတော့ ဟာဇတ်ရဲ့ ညီ သောဂန်ဟာဇတ်က ဒုတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။သုံးဂိုးမြောက်ဂိုးကိုတော့ ၆၃ မိနစ်မှာ ပယ်နယ်တီကနေတဆင့် ဟာဇတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့တဲ့ လူကာကူက လူစားဝင်ခဲ့ပြီး ၇၈ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။