မြန်မာယူ-18ရဲ့ဂျပန်ဘောလုံးခရီး

ပြင်သစ်နည်းပြကြီးဘန်လာဘီမထွက်ခင်ကမြတ်ကောင်းခန့်၊

ဝင်းနိုင်ထွန်းတို့ရဲ့ယူ-18ပြင်သစ်သွားမည်ဟု

သတင်းထွက်ခဲ့ပါတယ်။ပါရီဘောလုံးခရီးပေါ့။သို့သော်

မြန်မာယူ-18ရဲ့အင်ဒိုကိုသမိုင်းဝင်ရှုံးနိမ့်မှုကြီးအပြီးမှာတော့

ဘန်လာဘီလည်းမြန်မာအသင်းနဲ့လက်ပြနှုတ်ဆက်။

ဝင်းနိုင်ထွန်းတို့ရဲ့ပါရီအိမ်မက်ကလည်းလက်ပြနှုတ်ဆက်။

အခုတော့ယူ-18ကိုနည်းပြအသစ်ကိုင်နေပါတယ်။

စီးတီးရန်ကုန်အသင်းနည်းပြချုပ်ဦးချစ်နိုင်။

သူ့လက်ထက်မှာမြန်မာအသင်းအာရှယူ-19ခြေစစ်ပွဲ

ဝင်ဖို့ရှိပါတယ်။ခြေစစ်ပွဲကျင်းပမှာကကမ္ဘောဒီးယားနိုင်ငံ

ဖနွမ်းပင်မှာ။ပါဝင်တဲ့အသင်းတွေကဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊

တရုတ်တို့ဖြစ်ပါတယ်။အုပ်စုထိပ်ဆုံးအသင်းဟာခြေစစ်ပွဲ

တိုက်ရိုက်အောင်မှာဖြစ်ပြီး၊အုပ်စုဒုတိယရရင်တော့

ကျန်တဲ့အုပ်စုတွေဆီမှအသင်းတွေရဲ့ရလဒ်တွေကို

စောင့်ကြည့်ရအုံးမည်။ခြေစစ်ပွဲမဝင်ခင်မြန်မာတို့ခြေစမ်း

ပွဲတွေကစားကြအုံးမည်။ပြင်သစ်တော့မဟုတ်တော့

ဒီတစ်ခါဂျပန်ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်သည်ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့

ရင်းနှီးသောဆက်ဆံရေးရှိပါတယ်။ဦးချစ်နိုင်ကိုယ်တိုင်ပင်လျှင်

ဂျပန်သို့ဘောလုံးပညာတော်သင်သွားခဲ့ဖူးပါတယ်။အနောက်ကိုမသွားဘဲအရှေ့မျှော်မူဝါဒသာကျင့်သုံး

တော့မယ့်မြန်မာအသင်းကအောက်တိုဘာ15ရက်နေ့မှာဟန်နာတက္ကသိုလ်အသင်း၊အောက်တိုဘာ18မှာဂမ်မာအိုဆာကာယူ-18၊အောက်တိုဘာ20တွင်ဟန်နာလူငယ်တို်နဲ့ခြေစမ်းမည်။

ထိုမှတဆင့်ကမ္ဘောဒီးယားသို့တိုက်ရိုက်သွားရောက်မှာဖြစ်ပြီး

အောက်တိုဘာ24တွင်ဖိလစ်ပိုင်နဲ့ဗွေဆော်ဦးစတင်ကစား

ရမည်ဖြစ်ပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။