“ဝဲ’’ ဆိုတဲ့သီချင်းလေးနဲ့ အတူ ထူးခြားပြီးစွမ်ဆောင်မှုရှိတဲ့အသံလေးနဲ့ ပရိသတ်ရင်ထဲကိုဝင်ရောက်လာတဲ့Mary ဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီးဖြစ်ပါတယ်။ Mary ပရိသတ်တွေအနေနဲ့ BigBag နဲ့တွဲဆိုထားတဲ့ သီချင်းအသစ်စက်စက်လေးဖြစ်တဲ့ Accident ဆိုတဲ့သီချင်းလေးကိုလဲ ကြိုက်နှစ်သက်ကျမယ်လို့ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ သီချင်းအသစ်လေးတွေ လဲဖန်တီးထားတယ်လို့သိရပါတယ်။ပရိသတ်တွေမျှောင်လင့်နေမယ်လို့ထင်တဲ့ တစ်ကိုယ်တော် Solo Albumကိုလဲ နောက်နှစ် မိုးတွင်းလောက်မှာပြင်ဆင်သွားဖို့ရှိတယ်လို့သိရပါတယ်။

Photo Credit - Mary

နောက်နှစ်ကျောင်းပြီးတာနဲ့ မြန်မာနိုင်ငံပြန်လာပြီး အနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်သွားမယ်လို့သိရပါတယ်။နောက်ပိုင်းမှာ စီးပွားရေးလဲလုပ်ဖို့ရှိပြီး သူမ မေမေနဲ့တိုင်ပင်ပြီးလုပ်ကိုင်သွားမယ်လို့သိရပါတယ်။ ပရိသတ်တွေဝေဖန်မှုတွေကတော့ ကောင်းတာလဲရှိသလိုဆိုးတာတွေလဲရှိတယ်လို့သိရပါတယ်။ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလိုအပ်ရင်လိုအပ်သလိုပြုပြင်သွားမှာဖြစ်ပြီး မလိုအပ်တဲ့ဝေဖန်မှုတွေကိုတော့လျစ်လျူရှု့ရပါတယ်လို့ဆိုပါတယ်။

Photo Credit - Mary

Mary ကိုခုလိုပရိသတ်တွေအားပေးကြလို့အရမ်းဝမ်းသာပါတယ်။ပရိသတ်တွေ လက်ခံအားပေးမယ်လို့Maryကိုယ်တိုင်လဲမထင်ထားပါဘူး။Mary ခုလိုနေရာလေးတစ်ခုရလာတာကလဲပရိသတ်အားပေးလက်ခံမှုကြောင့်ပါ။ဆက်လက်အားပေးကြပါချစ်ပေးပါ ပရိသတ်ကြိကိုလဲအရမ်းချစ်ပါတယ်လို့ ဆိုပါတယ်။Mary ရဲ့ချစ်စရာပုံလေးတွေကို Mary ကိုချစ်တဲ့ပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်။

Photo Credit - Mary

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။