ချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ်က မင်းသမီးလုပ်ဖို့ အစီအစဉ် မရှိပါဘူးလို့ ဆိုပါတယ်။ လတ်တလောမှာ ကြေညာတွေကို လက်ခံရိုက်ကူးနေပေမယ့် သီချင်းဆိုတာကို ပိုပြီး ဝါသနာပါတယ်လို့ ဆိုပါတယ်။ သူမရဲ ပထမဆုံးတစ်ကိုယ်တော် အခွေဖြစ်တဲ့ “WAKE UP DADDY” တစ်ကိုယ်တော်အခွေကို (၂၀၁၅) ခုနှစ်မှာ ထွက်ရှိထားပါတယ်။ တေးသီချင်းတွေကတော့ Pop နဲ့ R & B တေးသီချင်းတွေ ဖြစ်ပြီး အခြားတေးရေးဆရာတွေ ရေးစပ်ထားတဲ့ တေးသီချင်းများနှင့်အတူ သူမကိုယ်တိုင် ရေးသားထားတဲ့ သီချင်းတွေလည်း ပါဝင်ထားပါတယ်။

ချစ်စရာကောင်းပြီး ပရိသတ်အားပေးမှု အခိုင်အမာရှိထားတဲ့ ချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ်က လတ်တလောမှာ ကြေညာတွေကို လက်ခံရိုက်ကူးနေပြီး MTV တွေမှာ ပါဝင်သရုပ်ဆောင်နေပေမယ့်လည်း မင်းသမီးလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။ အဆိုပိုင်းကိုသာ အဓိက ဝါသနာပါပြီး တေးသီးချင်းတွေကိုတော့ အားပေးနားထောင်ပေးမယ့်လူ ရှိနေသရွေ့ သီဆိုချင်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ ဂရေဟမ်ကလည်း တွဲခေါ်ပေးပြီး ပံ့ပိုးပေးပြီး ရေရှည်မှာ အသက်ကြီးလာရင် ကိုယ့်ရဲ့ ပညာရေးနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုစေချင်တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တော် အခွေကိုတော့ နောက်နှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ပညာရေးကိုတော့ ပြီးဆုံးအောင် သင်ယူသွားမှာဖြစ်ပြီး ကျောင်းပြီးရင် မိခင်ဖြစ်သူနဲ့ အတူ ဗိသုကာ ကုမ္ပဏီဖွင့်တာပဲ ဖြစ်ဖြစ် စီးပွားရေးလည်း တစ်ခုခု လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံရှိ UWA တက္ကသိုလ်မှာ Architecture ဘာသာရပ်ကို သင်ယူနေတယ်တယ်လို့ သိရပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ သူမရဲ့ တစ်ကပိုယ်တော် အခွေတွက် ပြင်ဆင်နေပြီး MTV များမှာလည်း ပါဝင်သရုပ်ဆောင်ခြင်းနှင့် ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ်လေးကို အားပေးပါဦးနော်.. ပရိသတ်ကြီး…

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။