စကားပြောရင်ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ယုန်လေးကို မနှစ်သက်သူတွေရှိပေမယ့် စိတ်ရင်းကောင်းတဲ့သူ့စိတ်ထားကို သိနေတဲ့ပရိသတ်တွေကတော့ ချစ်ကြပါတယ်။

အလှုတန်းတွေမကြာခဏလုပ်ဖြစ်တဲ့ အဆိုတော် ယုန်လေးဟာ အောက်တိုဘာလ(၁၁)ရက်နေ့က ထိုင်းရောက်မြန်မာအလုပ်သမားအဖွဲ့ AAC နဲ့ အတူ တွေ့ဆုံခဲ့ပြီး ပျော်စရာအခိုက်အတန့်လေးတွေ ဖန်တီးပေးနုုိင်ခဲ့တယ်လို့ ဆိုပါတယ်။

ယုန်လေးဟာ ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်လုပ်ရင်း လက်တစ်ချောင်းလုံးစက်ထဲညှပ်သွားတဲ့ မြန်မာလူမျိုးညီအစ်ကိုတွေရှိရာ ထိုင်းနိုင်ငံရောက် တခြားဒုက္ခများကြုံတွေ့နေတဲ့ မြန်မာအလုပ်သမားတွေကို AAC ဂေဟာမှာ သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံရင်း အချိန်ပေးခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။

""လက်တစ်ချောင်းလုံး စက်ထဲငြပ်ပြီးပြတ်သွားတဲ့ မြန်မာလူမျိုး အစ်ကိုတွေညီတွေ ထိုင်းနိုင်ငံရောက် တခြားဒုက္ခများစွာတွေ့ကြုံနေတဲ့ မြန်မာ အလုပ်သမားများအား AAC ဂေဟာတွင်

AAC ရဲ့ ကမ်းလှမ်းမူကြောင့်ဆုံတွေ့ဖြစ်ခဲ့ပါတယ်။

ကျွန်တော်လည်း ဘာကောင်မှမဟုတ်ပါဘူး။

တတ်နိုင်သလောက် အပျော်လေးတွေဖန်တီးပေးခဲ့ပါတယ်။

သူတို့တွေ ပျော်သွားတဲ့အတွက်လည်းပီတိဖြစ်မိပါတယ်။

AAC အဖွဲက့ ကတကယ်မြန်မာအလုပ်သမားတွေအတွက် ပြတ်ပြတ်သားသား အန္တရာယ်တွေကြားက ထိုင်းတွေနဲ့အတိုက်ခံတွေလုပ် ဖြေရှင်းပေးနေတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်။

ဒီအဆင်မပြေ နစ်နာမူတွေအတွက်ကျွန်တော်တို့ မြန်မာ များအားလုံးရသင့်ရထိုက်တဲ့ နစ်နာကြေးငွေ အမြန်ဆုံးရှိပြီး

အိမ်အမြန်ဆုံးပြန်နိုင်ပါစေ .

Respect ဦးခိုင် ကိုရဲမင်း ကိုနိုင် ( AAC )Group""

သူ့ရဲ့ စိတ်ခံစားချက် နဲ့ ဘဝအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို မဖုန်းကွယ်ပဲ ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့ ယုန်လေး ကတော့ မြန်မာအလုပ်သမားတွေအတွက် ဘဝအမောတွေခဏတာပြေဖို့ လုပ်ပေးနုုိင်ခဲ့တယ်လို့ ဆိုရမှာပါ။

လူငယ်အကြိုက်တေးသီချင်းကောင်းလေးတွေဖန်တီးသီဆိုခဲ့တဲ့ အဆိုတော်ယုန်လေးဟာ Original Gangster ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

ယုန်လေး ရဲ့ ချီးကျူးစရာကောင်းတဲ့ စိတ်ထားအတွက် ပရိသတ်ကြီးရော ချစ်ရဲ့လား။  

Source : Kyawphoneaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။