အမေရိကန်စစ်တပ်ဟာ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကြီးနှစ်စင်း ကို ကိုရီးယားကျွန်းဆွယ်ပေါ် အင်အားပြသတဲ့ အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြတ်ပျံခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရန့် ထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူများ နဲ့ မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ဆွေးနွေးနေချိန် မှာ ယခုလို ကိုရီးယားကျွန်းဆွယ်ပေါ် ဗုံးကြဲလေယာဉ်ကြီး နှစ်စင်း ဖြတ်ပျံခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန် လေတပ်မှ B-1B ဗုံးကြဲလေယာဉ်ကြီး နှစ်စင်း ဟာ တောင်ကိုရီးယား စစ်တပ်မှ F-15K တိုက်လေယာဉ်နှစ်စင်း ခြံရံပြီး ဂူအမ်ကျွန်း အခြေစိုက်စခန်းမှ ထွက်ခွာကာ ကိုရီယားကျွန်းဆွယ်ပေါ် အင်အားပြ ပျံသန်းခဲ့ပါတယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောကြားခဲ့ပါတယ်။ အမေရိကန် စစ်တပ် ရဲ့ သီးခြားထုတ်ပြန်ချက်မှာတော့ တောင်ကိုရီးယားလေတပ်နဲ့ ပူးတွဲလေ့ကျင့်ပျံသန်းအပြီး ဂျပန် တိုက်လေယာဉ်များနဲ့ ပါ ပူးတွဲ လေ့ကျင့်ပျံသန်းခဲ့တယ် လို့ဆိုပါတယ်။ ဒါဟာ ပထမ ဆုံးအကြိမ် အမေရိကန် ခေတ်မှီဗုံးကြဲလေယာဉ်များ ဂျပန်နဲ့ တောင်ကိုရီးယားတိုက်လေယာဉ်တွေ နဲ့ ပူးတွဲလေ့ကျင့် ခဲ့တာလည်းဖြစ်ပါတယ်

သြဂုတ်လတုန်းက ဂူအမ်ကျွန်း ပေါ်ကို တာလတ်ပစ် ဒုံးပျံတွေပစ်ခတ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဂူအမ်ကျွန်းဟာ ပစိဖိတ်ဒေသရှိ အမေရိကန် ပိုင် ကျွန်းလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ မှ Global Times သတင်းစာ ကတော့ အမေရိကန်ရော မြောက်ကိုရီးယားကို ပါ စစ်ရေးတင်းမာမှု လျော့ချဖို့ တိုက်တွန်းထားပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။