မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် မျက်ဝန်းအိတ်တွဲကျခြင်းကို ခံစားရတတ်ပါတယ်။ မျက်လုံးအောက်က မျက်ဝန်းအိတ်တွေ တွဲကျတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အသက်အရွယ်ကြောင့်လည်း မျက်ဝန်အိတ်တွဲကျတတ်သလို နေထိုင်မှုပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး ဗဟုသုတအဖြစ် မျက်ဝန်းအိတ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်လို အချက်တွေကြောင့် မျက်ဝန်းအိတ် တွဲကျတတ်တာလဲ ???
- အသက်အရွယ် ကြီးရင့်လာခြင်း
- မျက်နှာအရေပြား တင်းရင်းမှု မရှိတော့ခြင်း
- အရေပြား ရောင်ရမ်းမှု ဖြစ်ခြင်း
- ဓာတ်မတည့်မှုဖြစ်ခြင်း
- အစားအသောက်ကြောင့် ဖြစ်ခြင်း(အငံ ဆားတဲ့သူ၊ အရက် အရမ်းသောက်တဲ့သူ)
- အရမ်းငိုထားခြင်း
- ကျောက်ကပ် မကောင်းခြင်း
- မျက်လုံးနဲ့ ဆက်စပ်သော ရောဂါများဖြစ်ခြင်း …
စသည်တို့ကြောင့် မျက်လုံးအိတ် တွဲကျတတ်ပါတယ်။
ကျောက်ကပ်နဲ့ ပတ်သက်ပြီး မျက်လုံးအိတ်တွဲကျတယ် ဆိုရင်တော့ ခြေထောက် နှင့် အခြားသော မျက်နှာ အရေပြားတွေပါ ဖောင်းနေတတ်ပါတယ်။ ကျောက်ကပ် အားမကောင်းတာကြောင့် မျက်လုံးအိတ်တစ်ခုတည်း ရောင်နေတာမျိုး မရှိတာကြောင့် အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမဲ့ အသက်အရွယ် ကြီးရင့်တာကြောင့် မဟုတ်ဘဲ အရွယ်မတိုင်ခင် မျက်ဝန်အိတ် ဖောင်းတယ် ဆိုရင်တော့ အောက်ပါ အချက်တွေကို ဆင်ခြင် လိုက်နာ သင့်ပါတယ်။
- ရေအေးနဲ့ သေသေချာချာ မျက်နှာသစ်ပေးခြင်း
- ဓာတ်မတည့်တာ ရှောင်ခြင်း
- အိပ်ရေးဝဝ အိပ်စက်ခြင်း
- စိတ်ဖိစီးမှု လျော့ချခြင်း
- လိုအပ်လျှင် ဆရာဝန်နှင့် ကုသတိုင်ပင်ခြင်း
ဒီလို ကျန်းမာရေး ဗဟုသုတတွေ သိရှိခြင်းဖြင့် ကိုယ်တိုင်ဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းများဖြစ်စေ မျက်ဝန်းအိတ်တွဲကျတဲ့အခါ အကြံဉာဏ်ကောင်းများ ပေးနိုင်မှာဖြစ်ပါတယ်။
မျက်ဝန်းအိတ်တွဲခြင်းအတွက် ထိရောက်သော အိမ်တွင်းကုထုံးများကိုလည်း ဖော်ပြပါ link တွင် ၀င်ရောက်လေ့လာနိုင်ပါတယ်။ http://www.myanmarload.com/news/8617
ကျန်းမာပျော်ရွှင်သော ဘဝလေးများ ရရှိ ပိုင်ဆိုင်နိုင်ကြပါစေရှင် …. <3
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။