ယနေ့ထိပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရရှိထားတဲ့အိန္ဒြာကျော်ဇင်(ခ)အူဝဲ တစ်ယောက်ချစ်ရတဲ့သားနဲ့သမီးအတွက်အချိန်ပေးနေရင်း အကယ်ဒမီနဲ့ဝေးကွာနေခဲ့တာကြာပါပြီး။ ခင်ပွန်းဖြစ်သူ ပြေတီဦးကတော့ နှစ်စဉ်နှစ်တိုင်းလိုလို အကယ်ဒမီဆုတွေကို ရရှိသိမ်းပိုက်နေပါတယ်။မကြာခင်မှာရုံတင်ပြသတော့မယ့်“ရင်ဘတ်ထဲကဓား”ဆိုတဲ့ဇာတ်ကားကတော့ အူဝဲအတွက် အကယ်ဒမီဇာတ်ကား ဖြစ်လာလိမ့်မယ်လို့ ပရိသတ် အားလုံးက ထင်ကြေးပေးနေပါတယ်။

ဒီကားမှာကတော့ အိန္ဒြာကျော်ဇင် နဲ့ ပြေတီဦး တို့က အဓိက ပါဝင်ထားပြီး ထွန်းအိနြေ္ဒဗို၊ မြတ်ကေသီအောင်၊ မေကဗျာ၊ နေဆန်း၊ ဦးဝင်းမြိုင်တို့အပြင် တခြားသရုပ်ဆောင်တွေ အများကြီးလည်း ပါဝင်အားဖြည့်ပေးထားတာကို တွေ့ရပါတယ်။ ဒီကားလေးကို မင်းသား၊ မင်းသမီးတွေ တောတော်များများ ကို အကယ်ဒမီရအောင် အများကြီး ပံ့ပိုးပေးနိုင်ခဲ့တဲ့ ပရိသတ်ချစ်တဲ့ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတယ်လို့သိရပါတယ်။

ဇာတ်ကားလေးရဲ့ ဇာတ်ဝင်တေးလေးကို မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ သီချင်းလေး ထည့်ထားတယ်လို့လဲသိရပါတယ်။နာမည်ကြီးအနုပညာရှင်များစွာပါဝင်အားဖြည့်ရိုက်ကူးထားတဲ့“ရင်ဘတ်ထဲကဓား”ဆိုတဲ့ရုပ်ရှင်ကတော့ပရိသတ် အကြိုက်နဲ့ထပ်တူကြမယ်လို့လဲထင်ပါတယ်။ဒီနှစ်အကယ်ဒမီပေးပွဲမှာပရိသတ်ချစ်တဲ့ အူဝဲ တစ်ယောက် အကယ်ဒမီရွှေစင်ရုပ်ထုအတွက်ရင်ခုန်ရမှာဖြစ်ပါတယ်။

Source - AM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။