အားကစားသတင်းများ

ဆွာရက်၊ ကာဗာနီ ဂိုးတွေနဲ့ အနိုင်ရယူခဲ့တဲ့ ဥရုဂွေး

EG Black လွန်ခဲ့သော ၁၀ နေ့ က

မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဥရုဂွေးအသင်းဟာ ဘိုလီဗီရာ အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဥရုဂွေးအသင်းကတော့ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ဘိုလီဗီရာ အသင်းကတော့ အဆင့် ၉ နေရာ နဲ့သာ အဆုံးသတ်ခဲ့ပြီလည်းဖြစ်ပါတယ်။ဆွာရက်၊ ကာဗာနီတို့ရဲ့ ခြေစွမ်းပြသမှုတွေက ဂိုးပြတ်နိုင်ပွဲ တစ်ခုဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်။

ဥရုဂွေးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွာရက်၊ ကာဗာနီ၊ ဗီဆီနို၊ ဗယ်ဗာဒီ၊ အာရန်စကန်တာ၊ ရိုဒရီဂို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုလီဗီရာအသင်းအတွက် ပွဲထွက်လူစာရင်းမှာတော့ မိုရီနို၊ ကမ့်ပို့၊ မာချာဒို ၊ အိုင်ဘာနက်၊ ချူမာစီရို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဥရုဂွေးအသင်းဟာ ဂိုးကန်သွင်းချက်တွေ ဟာ ၂၃ ကြိမ်ထိ ရှိခဲ့တာဖြစ်ပြီး လေးဂိုးသာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကို တော့ ဘိုလီဗီရာ အသင်းကစတင်ရရှိခဲ့တာဖြစ်ပြီး ၂၄ မိနစ်မှာ ဆေးဗာလ်း ကကိုယ့်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၉ မိနစ်မှာတော့ ကာဆာရက်က ဥရုဂွေးအသင်းအတွက်ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။နောက် ၃ မိနစ်အကြာမှာ ကာဗာနီက ဥရုဂွေးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဥရုဂွေးအသင်းအတွက် တတိယမြောက်ဂိုးကိုတော့ မိနစ် ၆၀ မှာ ဆွာရက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၇၆ မိနစ်မှာတော့ ဆွာရက်ကပဲ လေးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘိုလီဗီရာ အသင်းအတွက် ချေပဂိုး ၂ ဂိုးမြောက်ဂိုးကိုတော့ ဂေါ်ဒင်က ကိုယ့်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။